ရေတာရှည်၌ အသက်မွေးဝမ်းကျောင်းအ​ထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်

 

ရေတာရှည်    ဇူလိုင်   ၂၀ 


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု   ရန်ပုံငွေဖြင့်    အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး  ဦးသန့်ဇင်မျိုးက  အမှာ စကားပြောကြားရာတွင်   ကျေးလက်ဒေသနေသူများအနေဖြင့် ယခုကဲ့သို့     သင်တန်းများကို      တက်ရောက်ကြခြင်းဖြင့် ကိုယ်တိုင်အလုပ်လုပ်နိုင်ပြီး    ပုံမှန်ဝင်ငွေများ    ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းကာလတွင် စိတ်ပါဝင်စား စွာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် ၁၄ ကြာဖွင့်လှစ်မည့် သင်တန်းသို့ တက်ရောက် လာသော သင်တန်းသား ၂၀  အတွက်  သင်ထောက်ကူပစ္စည်း များကို မြို့နယ်ဦးစီးမှူး   ဦးရန်နိုင်ညွန့်က     ပေးအပ်ခဲ့ သည်။ 


ကိုလွင်(ဆွာ)