အိမ်ထောင်စုလူဦးရေစာရင်းကို ဆော့ဖ်ဝဲပရိုဂရမ်အတွင်းထည့်သွင်းရေး အချိန်မီပြီးစီးရန်ဆွေးနွေး

 

ရန်ကုန်    ဇူလိုင်  ၂၀


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ     အကောင် အထည်ဖော်ဆောင်ရွက်မည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ကို   ဆော့ဖ်ဝဲပရိုဂရမ်အတွင်း  ထည့်သွင်းခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင် ရေးအစည်းအဝေးကို ဇူလိုင် ၁၈ ရက်က တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌    ပြုလုပ်သည်။

 


တိုင်းဒေသကြီးဝန်ကြီးချုပ်     ဦးစိုးသိန်းက  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများတွင်ရှိသော   အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ကို   သတ်မှတ်ကာလ အတွင်း ဆော့ဖ်ဝဲပရိုဂရမ်အတွင်း  ထည့်သွင်းမည့် လုပ်ငန်းနှင့်ပတ်သက်ပြီး        အချိန်မီပြီးစီးနိုင်ရေး မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ပံ့ပိုးကူညီပေးနိုင်မည့်လုပ်ငန်းများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီပေးရမည့်လုပ်ငန်းများကို  ဆွေးနွေးတင်ပြကြရန် ပြောကြားပြီး  တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး   ဦးအောင်ဝင်းသိန်းက တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ကို  ဆော့ဖ်ဝဲပရိုဂရမ် အတွင်း  ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာ များက လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီး ရေး ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန် ရှိသူများအနေဖြင့်  မြို့နယ်တစ်ခုချင်းစီတွင်ရှိသော အိမ်ထောင်စုအရေအတွက်အပေါ်    မူတည်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးအောင် လူအင်အား၊ စက်အင်အား၊ နည်းပညာအကူအညီများဖြည့်တင်းပြီး လုပ်ဆောင်ကြရန်နှင့် လုပ်ငန်း၏ အဓိကရည်ရွယ် ချက်သည် မဲဆန္ဒရှင်စာရင်း  မှန်ကန်ရေးဖြစ်သည့် အတွက် အမှားအယွင်းမရှိဘဲ စနစ်တကျတိုက်ဆိုင် စစ်ဆေးရိုက်သွင်းမှသာ စာရင်းအတိအကျရှိသည့် မှန်ကန်သောရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း နှင့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေး​သည်။    

ဆန်းကျော်ဦး(ပြန်/ဆက်)