သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများကို တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

 

နေပြည်တော်   ဇူလိုင်   ၁၉


ရခိုင်ပြည်နယ်   သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း  လုံခြုံ ရေး    ဆောင်ရွက်လျက်ရှိသော တပ်မတော်    စစ်ရေယာဉ်သည် ယနေ့နံနက် ၁ နာရီခန့်တွင် အပေါ် ရီကျွန်း၏  အနောက်မြောက်ဘက် ကိုးမိုင်ခန့်အကွာ၌  ရေဝင်နစ်မြုပ် လျက်ရှိသော    ငါးဖမ်းစက်လှေ တစ်စင်းကိုတွေ့ရှိသဖြင့်      ကူညီ ကယ်ဆယ်ပေးခဲ့ကြောင်း  သိရှိရ သည်။

 


အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား  ငါးဦးလိုက်ပါ၍  ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်  သဗြုချိုင် ကျေးရွာမှ ပင်လယ်ပြင်သို့  ငါးဖမ်း ရန်    ထွက်ခွာလာစဉ်   လှေဦး အောက်ခြေမှ ပွင့်ထွက်၍ ရေဝင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် စစ်ရေယာဉ်မှ  လုံခြုံရေးတပ်ဖွဲ့ဝင် များက လှေသားများကို   စစ်ရေ ယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေး ကုသ ခြင်းများ     ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး      လုပ်ငန်းများ    ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။


သတင်းစဉ်