ကရသူရိမြို့၌ အာဇာနည်နေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ပြုလုပ်

 

ကရသူရိ   ဇူလိုင်  ၁၉


တနင်္သာရီတိုင်းဒေသကြီး ကရသူရိ မြို့  ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန    လူထု အခြေပြုဗဟိုဌာန၌   (၇၅)နှစ် မြောက်   အာဇာနည်နေ့အထိမ်း အမှတ်   နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ   ပြသခြင်းကို  ဇူလိုင် ၁၈ ရက်က  ဆောင်ရွက်ကြောင်း သိရသည်။

 


ထိုသို့   ဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန   ဝန်ထမ်း များက ကျောင်းသား  ကျောင်းသူ များ အသိပညာဗဟုသုတ ရရှိရေး နှင့်  အာဇာနည်နေ့    တို့မမေ့၊ အာဇာနည် ခေါင်းဆောင်ကြီးများ ၏ သမိုင်းအကြောင်းအရာများကို သိရှိနားလည်ထားကြရန် ရည်ရွယ် ပြီး ပြသခြင်းဖြစ်ရာ အဆိုပါပြသ ရာတွင်   မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ နှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေး အကျဉ်းနှင့်   အာဇာနည်နေ့နှင့် ပတ်သက်သည့် စာအုပ်/ စာစောင် များကို ခင်းကျင်းပြသရာ ကျောင်း သား ကျောင်းသူများက စိတ်ဝင် တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ကရသူရိ (ပြန်/ဆက်)