၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 

ရန်ကုန်    ဇူလိုင်    ၁၉


နိုင်ငံတော်        ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏     ပညာရေးကဏ္ဍ မြှင့်တင်ရေးတွင်       တစ်ဖက် တစ်လမ်းမှ  အထောက်အကူပြု နိုင်ရန်     တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေး  ထား        ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်     ထူးချွန်လူငယ် မောင်မယ်များကို  နိုင်ငံတကာဗဟု သုတတိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်   အသိပညာများ လေ့လာ     သိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏   လမ်းညွှန်မှုဖြင့်   စင်ကာပူ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာ ရေး   ခရီးစဉ်သွားရောက်ခဲ့သော  ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက် သစ် ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့သည်     ယနေ့ ညနေပိုင်းတွင်      ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်     ပြန်လည် ရောက်ရှိကြသည်။

 


အဆိုပါ လေ့လာရေးအဖွဲ့ကို  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်           ညွန့်ဝင်းဆွေနှင့် တပ်မတော်      အရာရှိကြီးများ၊ ထူးချွန် ကျောင်းသား ကျောင်းသူ များ၏        မိဘဆွေမျိုးများနှင့် တာဝန်ရှိသူများက       ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 


လေ့လာရေးအဖွဲ့သည် ဇူလိုင်  ၁၅ ရက်မှ ၁၆ ရက်အထိ စင်ကာပူ နိုင်ငံရှိ    Garden  by  the   Bay ဥယျာဉ်တွင် လေ့လာခြင်း၊ Mer-lion ပန်းခြံတွင် လည်ပတ်ခြင်းနှင့်  စင်ကာပူနိုင်ငံ၏    အထင်ကရ နေရာ  Merlion  ရုပ်တုကြီးဖြင့် မှတ်တမ်းတင်ခြင်း၊ မြေအောက် ရထားစီး၍        လည်ပတ်ခြင်း၊  စင်ကာပူအမျိုးသားတက္ကသိုလ်သို့ သွားရောက်            လေ့လာခြင်း၊ NayangTechnological Univer-sity(NTU)   သို့   လေ့လာခြင်း၊  Science Center သို့ လည်ပတ် ခြင်း၊ See Aquarium သို့   လေ့လာ ခြင်း၊   Vivo   City တွင် စျေးဝယ် ခြင်းနှင့် Assumption Univer-sity  သို့ လေ့လာခဲ့ကြသည်။

 


ထို့နောက် ဇူလိုင် ၁၇ ရက်မှ ၁၉     ရက်ထိ       ထိုင်းနိုင်ငံ ဘန်ကောက်ရှိ      မြဘုရားအား သွားရောက်ဖူးမြော်ခြင်း၊       ငါး ပြတိုက်သို့ လေ့လာခြင်း၊ Madame Tussauds သို့ လေ့လာရေး သွား ရောက်ခြင်း၊    ကျောက်ဖရားမြစ် River City မှ ရှေးဟောင်းသမိုင်းဝင်  အရုဏ်ဦးဘုရားဆီသို့ ဘန်ကောက် မြို့ အလှရှုခင်းများအားလှေစီး၍ လေ့လာခြင်းများ     ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 


မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များ လေ့လာရေးအဖွဲ့ တွင်     ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူး ကြီး  တင်ဇော်လတ်   ဦးဆောင်၍  စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း  မိသားစုဝင်           သားသမီးများမှ ၂၀၂၁-၂၀၂၂     ပညာသင်နှစ် တက္ကသိုလ်ဝင်        စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား   ကျောင်းသူ    ၃၀၊ အမှတ်အများဆုံး       ရရှိသော စစ်သည်   သုံးဦး၊    အောင်ချက် အကောင်းဆုံးဆုရ    ကျောင်းအုပ် နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင်သုံးဦး  စုစုပေါင်း ၃၈ ဦး လိုက်ပါခဲ့ကြပြီး ဇူလိုင်  ၁၅  ရက်မှ  ၁၉  ရက်ထိ လေ့လာ  လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်