အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ နေ့ဆွမ်းဆက်ကပ်

 

ရန်ကုန်     ဇူလိုင်    ၁၉


၂၀၂၂ ခုနှစ်    (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင်များ အား ရည်စူး၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်း     ရေစက်သွန်းလောင်း အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန် မြို့တော်    စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ ပထမ ထပ်ရှိ     အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့   (၇၅) နှစ် မြောက်   အာဇာနည်နေ့  အခမ်း အနားကျင်းပရေး    ဗဟိုကော်မတီ    ဥက္ကဋ္ဌသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီး   အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊    ရန်ကုန်တိုင်းဒေသကြီး   လုံခြုံရေးနှင့်     နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး   တရား လွှတ်တော်    တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီ ဝင်များ၊    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊   အဂ္ဂမဟာပဏ္ဍိတ၊     အဂ္ဂမဟာ သဒ္ဓမ္မ    ဇောတိကဓဇ၊    ဘဒ္ဒန္တ ကောဝိဒ၊   မိတ္ထီလာဆရာတော် ထံမှ   ပရိသတ်တို့က  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး   ဆရာ တော်၊ သံဃာတော်များ  ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် မေတ္တ သုတ်    ပရိတ်တရားတော်များ ကို  နာယူကြကာ လှူဖွယ်ပစ္စည်း များနှင့်  ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

 


ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုး တော်ဆောင်၊       အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊    ဘဒ္ဒန္တပညာဓဇ၊ ပုဇွန်တောင်     ဆရာတော်ထံမှ  အနုမောဒနာတရား  နာယူကြပြီး  ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာ နည်  ခေါင်းဆောင်ကြီးများအား ရည်စူး၍     လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။                            

သတင်းစဉ်