“ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်    ဇူလိုင်   ၁၉


မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများကို သဇင်  FM  ၏    “ ပြည်သူ့ကြားက  ပြည်သူ့စကား”    အစီအစဉ်မှ  “PDF အမည်ခံ အကြမ်းဖက်သမားများက    ပေါက်မြို့နယ်   ဒေါင်းသာ ကျေးရွာ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ   ဆရာတော်၏  လည်ပင်း အား ဓားဖြင့် ရက်စက်စွာ ခုတ်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်” ခေါင်းစဉ် ဖြင့် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။

 


လာမည့်အပတ် ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်  “PDF အမည်ခံ အကြမ်းဖက်သမားများက  လက်လုပ်မိုင်း၊  လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သည့်အတွက်  မုံရွာ - မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတွင် ပါလာသော အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည့် ဖြစ်စဉ်” နှင့်   ပတ်သက် သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်    အပတ်စဉ်   ကြာသပတေးနေ့   နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း    ဖုန်းနံပါတ်  ၀၉-၈၉၉၀၉၉၅၉၅  သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရ မည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များကို  လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း  သိရသည်။      

သတင်းစဉ်