မူဆယ်(၁၀၅)မိုင် ကြက်ခြေနီအသင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ

 

မူဆယ်  ဇူလိုင်  ၁၉ 


ရှမ်းပြည်နယ် (မြောက်ပိုင်း)   မူဆယ်မြို့နယ်  မိုင်းယု (၁၀၅)မိုင် ကြက်ခြေနီအသင်းခွဲတွင်  ဇူလိုင် ၁၉ ရက်က (၇၅)နှစ်မြောက် အာဇာနည် နေ့အခမ်းအနား ကျင်းပသည်။

 


အမှတ်တရစကားပြောကြား


အခမ်းအနားတွင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီ အသင်း   တပ်ခွဲမှူး  ဦးသန့်ဇင်   ဦးဆောင်သည့်  ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များက မိမိတို့ရုံးရှေ့  စစ်ရေးပြကွင်းသို့   လွမ်းသူ့ပန်းခွေများ  သယ်ဆောင်ခြင်း၊  နိုင်ငံတော်အလံအား  တိုင်တစ်ဝက်လွှင့်ထူပြီး အလေး ပြုခြင်း၊  မြန်မာ့လွတ်လပ်ရေး  ဗိသုကာကြီး  ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ  အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ် ပြီး   မူဆယ်ခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအယ်လ်စိုးထန်တူးနှင့်  တပ်ခွဲမှူး ဦးသန့်ဇင်တို့က   အာဇာနည်နေ့   အမှတ်တရစကားများ ပြောကြား ကြသည်။

 


အရိုအသေပြု


ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ  ၃၇ မိနစ်တွင်  ၁၀၅  မိုင်    နယ်မြေ မီးသတ်စခန်း မီးသတ်ယာဉ် နှစ်စီးဖြင့်  ဥသြဆွဲအချက်ပေးကာ  အခမ်းအနား   တက်ရောက်သူများ၊    ခရီးသွားပြည်သူများနှင့်   မော်တော်ယာဉ်များ   မီးစိမ်းပြချိန်   ရပ်တန့် ငြိမ်သက်ပေးခြင်းဖြင့်   အာဇာနည်ခေါင်းဆောင်ကြီးများအား  ဂါရဝ  ပြုကြသည်။                                                      

သန့်ဇင်(မူဆယ်)