နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြု

 

နေပြည်တော်  ဇူလိုင်  ၁၉


၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက်  အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက်ရောက်ဂါရဝပြုသည်။            

 


အခမ်းအနားသို့            နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်   မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦး၊  (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး     ဗဟိုကော်မတီဥက္ကဋ္ဌ၊  သာသနာရေးနှင့်          ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ်    ဦးစိုးသိန်း၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊     ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊    ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများ၊  အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏  မိသားစုဝင်များ နှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင် ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ အား  ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး   စိုးဝင်းနှင့်  တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ            အာဇာနည် ခေါင်းဆောင်ကြီးများ၏   ဂူဗိမာန်၌   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏  လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။

 


ယင်းအချိန်တွင်      ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံကို    ဝမ်းနည်းခြင်း   အထိမ်းအမှတ် အဖြစ်                         
တိုင်ဝက်သို့    လျှော့ချလွှင့်ထူ၍   ဂုဏ်ပြုတပ်ဖွဲ့ဝင် များက  သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာ အဖွဲ့က  ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်း ကောင်း    အလေးပြုကြပြီးနောက်     နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊    ကိုယ်စားလှယ်များက    အထိမ်း အမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။

 


လွမ်းသူ့ပန်းခွေချ အလေးပြု


ဆက်လက်၍    ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့၊    နိုင်ငံရေးပါတီများမှ   ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ သံရုံးအကြီး အကဲများနှင့်  သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ   အာဇာနည်ခေါင်းဆောင်ကြီး များ၏   အထိမ်းအမှတ်ဂူဗိမာန်၌  လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။ 

 


အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ


ထို့နောက်  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာ နိုင်ငံသဘင် အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ/ပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊   မြန်မာနိုင်ငံ   စာရေးဆရာ အသင်း၊   မြန်မာနိုင်ငံသတင်း     မီဒီယာကောင်စီ၊  မြန်မာနိုင်ငံ   သတင်းစာဆရာအသင်း၊   မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊   မြန်မာနိုင်ငံ   မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊      မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့်   မြန်မာနိုင်ငံ ဆရာဝန် အသင်းတို့အပါအဝင်    လူမှုရေးအသင်းအဖွဲ့များမှ 
ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏  အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

 


ယင်းနောက် (၇၅)  နှစ်မြောက်  အာဇာနည်နေ့ အခမ်းအနားသို့    တက်ရောက်ဂါရဝပြုကြသည့် ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ  စနစ်တကျတန်းစီ၍  အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။

 


၂၀၂၂ ခုနှစ်   (၇၅) နှစ်မြောက်   အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်   အမိန့်ညွှန်ကြားချက်များနှင့် အညီ  ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။                                              

သတင်းစဉ်