
မက်ဒရစ် ဇူလိုင် ၁၆
စပိန်နိုင်ငံသည် ဇူလိုင် ၁၀ ရက် နောက်ပိုင်း အပူလှိုင်းဖြတ်မှု ကြောင့် လူ ၈၄ ဦးထက်မနည်း သေဆုံးကြောင်း စပိန်ကျန်းမာ ရေးဝန်ကြီးဌာနသို့ အစီရင်ခံ တင်ပြသည့် ကားလို့စ်ကျန်းမာရေး အဖွဲ့အစည်း (ISCIII)က သောကြာ နေ့က ပြောသည်။
စပိန်နိုင်ငံတစ်ဝန်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်သော ပြင်းထန်သည့် အပူချိန်ကြောင့် သေဆုံးသူ များလာခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏ တောင်ပိုင်းနှင့် အနောက် တောင်ပိုင်းတွင် ၄၅ ဒီဂရီဆဲလ်စီး ယပ်စ်အထိ မြင့်တက်လာနိုင် ကြောင်း သိရသည်။ အဆိုပါ ပြင်းထန်သော အပူလှိုင်းဖြတ်မှု သည် လာမည့်ရက်သတ္တပတ် အထိ ဆက်လက်ဖြစ်ပွားနိုင်သော ကြောင့် သေဆုံးသူဦးရေ တိုးလာ မည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
စပိန်နိုင်ငံ၌ အဆိုပါ အပူလှိုင်း ဖြတ်မှုသည် ယခုနှစ်တွင် အပြင်း ထန်ဆုံး အပူလှိုင်းဖြတ်မှု ဒုတိယ အကြိမ်မြောက်ဖြစ်ကာ ပထမ အကြိမ် အပူလှိုင်းဖြတ်မှုသည် ဇွန် ၁၁ ရက်မှ ဇွန် ၂၀ ရက်အထိ ကြာမြင့်ပြီး နိုင်ငံတစ်ဝန်း သေဆုံး သူ ၈၂၉ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။ ထိုအချိန် က အမြင့်ဆုံးအပူချိန် ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက် ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စပိန်နိုင်ငံမှ အာဏာပိုင်များသည် ရေများများ သောက်ရန်၊ လေ့ကျင့်ခန်း အလွန် အကျွံလုပ်ခြင်းမှ ရှောင်ရှားရန်နှင့် တတ်နိုင်သမျှ အိမ်ထဲတွင်နေရန် ပြည်သူများကို အကြံပြုထား သည်။
ဆင်ဟွာ