
ဇလွန် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက် လာချိန်ဖြစ်သဖြင့် စက်လှေမော်တော်များနှင့် ခရီးသွားလာနေသော ပြည်သူများအနေဖြင့် အသက်ကယ်အင်္ကျီဝတ်ဆင်ရန် အသိပညာ ပေးခြင်းကို ကမ်းနားရပ်ကွက် စက်လှေဆိပ်ကမ်းတွင် ဇူလိုင် ၁၅ ရက်က ဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက စက်လှေမော်တော် မောင်းနှင်သူများအား ယခုအချိန်သည် ဧရာဝတီမြစ်ရေမြင့်တက် လာချိန်ဖြစ်သဖြင့် မိမိတို့ စက်လှေမော်တော်တို့တွင် လိုက်ပါစီးနင်း သူများ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အသက်ကယ်အင်္ကျီ၊ ဘောကွင်းနှင့် အခြားအသက်ကယ်ပစ္စည်းများ ထားရှိပြေးဆွဲရန်နှင့် ခရီးသွားလာကြသော ပြည်သူများအနေဖြင့်လည်း အသက်ကယ် အင်္ကျီများ ဝတ်ဆင်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး စက်လှေ မော်တော်မောင်းနှင်သူများနှင့် ခရီးသွားပြည်သူများအား အသက်ကယ် အင်္ကျီဝတ်ဆင်နည်းများကို လက်တွေ့ပြသခဲ့သည်။
ဝေယံ (ပြန်/ဆက်)