ဒဂုံတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ Gifu University တို့အကြား MoU ရေးထိုး

 

ရန်ကုန်  ဇူလိုင်  ၁၆


ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့်   ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ    မဟာဌာနကြီး အောက်ရှိ  သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း    အစည်း အဝေးခန်းမ၌ ဇူလိုင် ၁၅ ရက်က ကျင်းပသည်။

 


အခမ်းအနားသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာထွန်း မောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခ များနှင့် သင်ကြားစီမံဌာနမှ ဌာန မှူးများ တက်ရောက်ကြပြီး ဂျပန် နိုင်ငံ Gifu University  မှ  Vice President Dr. Shinji Kambara၊ The  Faculty of Engineering  ဌာနမှူး   Prof.   Dr.  Toshiaki Murai   နှင့်     သိပ္ပံဌာနများမှ ပါမောက္ခဌာနမှူးများက Video Conferencing ဖြင့် တက်ရောက် ကြသည်။

 


အခမ်းအနားမှူးအဖြစ် ဒဂုံ တက္ကသိုလ် နိုင်ငံတကာဆက်ဆံ ရေးရုံး အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာစိုးမိုးလွင်နှင့် တွဲဖက် အတွင်းရေးမှူး ကထိက ဒေါ်မေသူ မောင်မောင် တို့က  ဆောင်ရွက် သည်။

 


အခမ်းအနားတွင်    ဒဂုံ တက္ကသိုလ်     ပါမောက္ခချုပ် ဒေါက်တာ   သာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University  မှ Vice  President    Dr.  Shinji Kambara  တို့က အမှာစကား ပြောကြားကြပြီး  ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၊ သိပ္ပံဆိုင်ရာသုတေသနနှင့် လေ့ကျင့်လဲလှယ်ရေး   ခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာ ဆိုင်ရာ    သုတေသနစာတမ်း ဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်း များ ပူးတွဲကျင်းပခြင်းနှင့် သုတေ သနရလဒ်များကို   သုတေသန စာစောင်များတွင် ရေးသားဖော်ပြ ခြင်း စသည့် ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ   အကောင် အထည်ဖော်ရန်    အသေးစိတ် ဆွေးနွေးကြသည်။

 

   ထို့နောက် နှစ်ဖက်အဖွဲ့အစည်းကြား   MoU ရေးထိုးကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်   ဓာတ်ပုံရိုက်ကြ သည်။                    

သတင်းစဉ်