သန့်ရှင်းသာယာသောမြို့ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်   ၁၆


ယခုအချိန်အခါတွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏   ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း များကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊  ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို  ဆောင်ရွက်လျက်ရှိကြသည်။

 


ရေစီးရေလာကောင်းမွန်ရေး


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်   နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်တို့၌လည်းကောင်း၊  ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ် လေးမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို၌ လည်းကောင်း၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)   မောက်မယ်မြို့ နှင့်  မိုင်းရှူးမြို့တို့၌လည်းကောင်း၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အပါအဝင်   မြို့နယ်  ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့ ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ   မြို့နယ်  ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ   မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ   မြို့နယ် ၁၀ မြို့နယ်၊  မြောက်ပိုင်းခရိုင်ရှိမြို့နယ်  ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်  ၂၆ မြို့နယ်တို့၌  လည်းကောင်း၊ ရခိုင်ပြည် နယ် စစ်တွေမြို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်နှင့်  ချင်းပြည်နယ်  ပလက်ဝမြို့ တို့၌လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသ ကြီး    ခန္တီးမြို့၊   မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့ တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ အမရပူရမြို့နယ်အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်  ၂၈ မြို့နယ် နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊  အခြေခံ ပညာကျောင်းများ၊    တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့်  လမ်း၊  တံတားများ၌ ဒေသခံပြည်သူများ၊   အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊  စည်ပင်သာယာရေးအဖွဲ့ များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာဝန်ထမ်းများ၊  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်    မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊   အမှိုက်များရှင်းလင်းခြင်း၊  ရေစီး ရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့်  ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ကြည့်ရှုအားပေး


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်