လယ်ဝေးမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဆောင်ရွက်

 

လယ်ဝေး   ဇူလိုင်   ၁၅


ပြည်ထောင်စုနယ်မြေ  လယ်ဝေးမြို့နယ်  မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ်  ဇူလိုင်  ၁၁  ရက်မှစတင်ကာ  ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 


အဆိုပါကျေးရွာများသို့     မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာန  နေပြည်တော်မှ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေနှင့် လယ်ဝေးမြို့နယ် ဦးစီးမှူး ဒေါက်တာလှမျိုးသန့်တို့က ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ    ဝန်ထမ်းများ၊   တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ကျွဲ၊ နွားရောဂါများ ကာကွယ်ရေး  အသိပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေခြင်း ဗီနိုင်းများဖြင့် ရှင်းလင်းပြသသည်။ လယ်ဝေးမြို့နယ်၌ ဇူလိုင် ၁၁ ရက်မှ  ၁၇ ရက်အထိ သာယာကုန်း၊ ပင်ငါးမျှောင်၊ ဝက်လက်၊ ပင်သောင်၊ သဲကောကြီး၊ သဲကောလေး၊ ဝက္ကမူ၊ အေလာ မြို့သစ်၊ ရွာမ၊ စက်ပိုင်း၊ ရွာသစ် စသည့်ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                                  

 မြို့နယ်(ပြန်/ဆက်)