
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၈) သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေး ပြကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင် စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးသန်းဆွေ က ယခုဖွင့်လှစ်ခဲ့သော သင်တန်း တွင် ဝန်ကြီးဌာနများ၊ ပြည်ထောင် စု အဆင့် အဖွဲ့အစည်းများနှင့်နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်တို့မှ နိုင်ငံ တော်၏ မူဝါဒများ၊ လုပ်ငန်းစဉ် များ၊ စီမံကိန်းကြီးများ၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်စီမံ ခန့်ခွဲမှုစွမ်းရည် မြင့်မားစေရန်၊ ပြည်တွင်းပြည်ပ ဗဟုသုတများ ကြွယ်ဝစေရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများကို သိမြင်နားလည် လိုက်နာ ကျင့်သုံးတတ်စေရန်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု အခြေခံသဘောတရား များ သိမြင်နိုင်စေရန် လေ့ကျင့် သင်ကြားပေးခဲ့ပြီး ပြင်ပကျွမ်းကျင် ပညာရှင်များကလည်း သိသင့် သိထိုက်သည့် ပညာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာ ရပ်ပိုင်းဆိုင်ရာ ရှုထောင့်က ဆွေးနွေးပို့ချပေးကြသည်ကို စိတ် ဝင်တစား လေ့လာသင်ယူခဲ့ကြ သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း။
ယနေ့မျက်မှောက်ခေတ်တွင် ဆရာသည် ကျောင်းသားကို သင်ကြားပြသသူ သက်သက် မဟုတ်ဘဲ သင်ယူမှုလွယ်ကူရန် ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်း ပြသူ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးသူများ ဖြစ်သည့် အပြင် ဆရာ ဆရာမများ၏ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တ ပိုင်းဆိုင်ရာ၊ ပြောဆိုပြုမူခြင်း ဆိုင်ရာများသည် ကလေးများ ၏ စံပြနမူနာဖြစ်သည့်အတွက် နမူနာကောင်းဖြစ်အောင် ကျင့်ကြံ နေထိုင်ကြစေ လိုပါကြောင်းတိုက် တွန်းမှာကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ သင်တန်း သား ၉၄ ဦး၊ သင်တန်းသူ ၃၇၈ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရ သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် ဇူလိုင် ၁၄ ရက်တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၁၁)တွင် တက်ရောက် လျက်ရှိသော သင်တန်းသား အဆင့်မြင့် အရာရှိကြီးများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များ ပြုပြင် ပြောင်းလဲတိုးတက်ဆောင်ရွက်မှု၊ ကုလသမဂ္ဂနှင့်မြန်မာ နိုင်ငံတကာ ဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေး ပို့ချသည်။
ထို့နောက် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံစွမ်းအား၏ အရေးပါမှု၊ နိုင်ငံ့ခွန်အား တိုးတက် အောင် ဆောင်ရွက်နေမှု၊ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေအရ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေမှု များကို ဆွေးနွေးပြောကြားပြီး သင်တန်းသားများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက္ကသိုလ် အတွင်း စိုက်ပျိုးထားရှိသော စိုက်ခင်းများနှင့် တက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
သတင်းစဉ်