
နေပြည်တော် ဇူလိုင် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံး ဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား သုံးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကို လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း က ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ကျင်းပရာ အမျိုးသား နှစ်ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသ ကြီးအသင်းနှင့် တတိယဆု ရရှိခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့အား တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ကလည်းကောင်း။
အမျိုးသမီး နှစ်ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်း အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသား သုံးယောက်တွဲအသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော် ကောင်စီနယ်မြေအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိ သည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်ကလည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင် ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ် အသင်းနှင့် တတိယဆုရရှိသည့် နေပြည်တော် ကောင်စီနယ်မြေအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသား သုံးယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် နေပြည် တော်ကောင်စီနယ်မြေအသင်းတို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညား အောင်မိုးကလည်းကောင်း၊ အမျိုးသမီး သုံးယောက် တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့် ကြသည်။
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာကလည်းကောင်း၊ အမျိုးသမီး တံခွန် စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကလည်း ကောင်း တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၅ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမား ၃၆၈ ဦး တို့သည် အမျိုးသား နှစ်ယောက်တွဲ၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ၊ သုံးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်