ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် ခိုလမ်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည် မိသားစုများနှင့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံအားပေး

 

နေပြည်တော်   ဇူလိုင်   ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌   တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်  ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) မှ   ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့်  တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ  စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                          

 သတင်းစဉ်