ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

 

     ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊  ဗီနိုင်းစအမျိုးမျိုး၊  ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်  အသုံးပြုသည့်  တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
    လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက်စနစ်တကျ တပ်ဆင်ရန်။
     သတ်မှတ်ပေးထားသော နေရာများတွင်  စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
     ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချိုလမ်းဆုံတွင် ကိုယ်အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်  အမည်၊  နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊  နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်(နိုင်ငံ သား စိစစ်ရေးကတ်(သို့မဟုတ်)ဝန်ထမ်းကတ်(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်)ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိ အမှတ်ပြုကတ်ပြား ယူဆောင်လာပါရန်။
     ကျန်းမာရေးဝန်ကြီးဌာနမှ  သတ်မှတ်ထားသော  Social/Physical Distancing  နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
     ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်း ခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
     ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
     ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြု သည့်အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။
     ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့်  ကိုဗစ် - ၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များ ကို တိကျစွာလိုက်နာဆောင်ရွက်ရန်။ 
     သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်း မပြုရန်။
 ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုရန်။