မင်းလှမြို့၌ မြစိမ်းရောင်အတိုးရငွေဖြင့် တည်ဆောက်သည့် ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်လှစ်

 

မင်းလှ    ဇူလိုင်     ၁၄


ပဲခူးတိုင်းဒေသကြီး    သာယာဝတီခရိုင်    မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် တည်ဆောက်သည့် အင်ကြင်းကုန်း အုပ်စု   ကျောက်တိုင်ကျေးရွာ၌    ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်က ပြုလုပ်သည်။ 

 


ရှေးဦးစွာ    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး    ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ထွန်းက ကျေးရွာဘက်စုံသုံး ခန်းမ  တည်ဆောက်ပြီးစီး၍   စံပြကျေးရွာအဖြစ်  ရရှိအောင်  ဝိုင်းဝန်းကြိုးပမ်းကြရန်  ပြောကြားပြီး   ကျေးရွာဘက်စုံသုံး ခန်းမ       တည်ဆောက်သည့်       မြေနေရာလှူဒါန်းသည့် ကျောက်တိုင်ကျေးရွာနေ ဦးညိုဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ 

 


ထို့နောက် မြို့နယ်ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန ဦးစီးမှူး၊ ကျေးရွာမြစိမ်းရောင်ကော်မတီဝင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များက ကျေးရွာဘက်စုံသုံး ခန်းမကို     ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အဆိုပါ ဘက်စုံသုံးခန်းမသည်  ကျေးရွာမြစိမ်းရောင်စီမံကိန်း   ရန်ပုံ ငွေမှ အတိုးရငွေ၏ ၅၀ရာခိုင်နှုန်းဖြင့် ခွင့်ပြုငွေကျပ် ၆၅  သိန်း ကို အသုံးပြု၍ အလျားပေ ၆၀၊ အနံပေ ၂၀၊ အမြင့် ၁၀ ပေ ရုံးခန်းပါ    RC  တစ်ထပ်ဆောင်   တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။                                

ပေါက်စ(မင်းလှ)