ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

 

ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့်    ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်း ကျဆင်းစေရေးအတွက် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ၏  အချိန်တိုအတွင်း ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်ရေး Quick Win လုပ်ငန်းအစီ အမံ (၅) ရပ်နှင့်အညီ အောက်ပါအတိုင်း   လိုက်နာဆောင်ရွက်ကြ ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-


    (က)    မော်တော်ယာဉ်  မောင်းနှင်အသုံးပြုရာတွင်  မော်တော် ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်အသုံးပြုရန်၊
    ( ခ )    မော်တော်ဆိုင်ကယ်  မောင်းနှင်စီးနင်းသူများ၊  နောက်မှ လိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်နှင့် မေးသိုင်း ကြိုး မြဲမြံစွာတပ်ဆင်အသုံးပြုရန်၊
    ( ဂ )    အရက်သေစာမူးယစ်သောက်စား၍  မော်တော်ယာဉ်ကို  မောင်းနှင်ခြင်း မပြုရန်၊
    (ဃ)    မော်တော်ယာဉ်မောင်းနှင်နေစဉ်     လက်ကိုင်ဖုန်း   အသုံး မပြုရန်၊
    ( င )    မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း မပြုရန်။ 
       

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ