စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၃၇) သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၁၄


ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး နေပြည်တော်   သင်တန်းကျောင်း တွင်  ဖွင့်လှစ်သည့်  စာရင်းစစ်မှူး များ          လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး         မွမ်းမံသင်တန်း အမှတ်စဉ်(၃၇)     သင်တန်းဖွင့်ပွဲ အခမ်းအနားကို    ယနေ့နံနက် ၁၀   နာရီခွဲက နေပြည်တော်ရှိ  ပြည်ထောင်စု    စာရင်းစစ်ချုပ်ရုံး  စုပေါင်းခန်းမ၌ ကျင်းပသည်။ 

 


သင်တန်း        ဖွင့်ပွဲတွင် ပြည်ထောင်စု    စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က         ပြည်သူ့ ဘဏ္ဍာရန်ပုံငွေဖြင့်     ဆောင်ရွက် သည့် လူမှုရေးအခြေခံ အဆောက် အအုံများ၏ အကျိုးကျေးဇူးများကို  ပြည်သူများ  ပြည့်ပြည့်ဝဝ    ရရှိ ခံစားနိုင်စေရန်နှင့်       ပြည်သူ့ ဘဏ္ဍာရန်ပုံငွေကို   ထိရောက်စွာ ကာကွယ်        စောင့်ရှောက်နိုင်ရန် အတွက်    စစ်ဆေးသူများသည် အဆိုပါလုပ်ငန်း   စီမံကိန်းများကို စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း  အကောင်အထည် ဖော်   ဆောင်ရွက်နိုင်မှု ရှိ မရှိကို အချိန်နှင့်တစ်ပြေးညီ   စစ်ဆေး ဆောင်ရွက်နိုင်ရန်လည်း   လိုအပ် ကြောင်း။ 

 


သင်တန်းသားများအနေဖြင့် လက်တွေ့        လုပ်ငန်းခွင်တွင် ကျင့်ဝတ်သိက္ခာနှင့်အညီ ထိရောက် စွာ      ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူ့အကျိုးကို   စိတ်စေတနာ ကောင်းဖြင့်   ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း   ပြောကြား သည်။

 


ထို့နောက်         ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး   (နေပြည်တော်) သင်တန်းကျောင်း   ကျောင်းအုပ် က    သင်တန်းဆိုင်ရာ     အချက် အလက်များကို ရှင်းလင်းပြောကြား ပြီး   ပြည်ထောင်စုစာရင်းစစ်ချုပ် က   သင်တန်းသားများကို   ရင်းနှီး စွာ လိုက်လံနှုတ်ဆက်သည်။

 


အဆိုပါသင်တန်းသို့ သင်တန်း သား  သင်တန်းသူ စုစုပေါင်း ၁၀၈ ဦး  တက်ရောက်မည်ဖြစ်ပြီး ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင်    ဘာသာရပ်ခြောက်ခုကို  ဩဂုတ် ၆ ရက်အထိ     ရက်သတ္တသုံးပတ်ကျော်   သင်ကြားပို့ချသွားမည်ဖြစ်သည်။

 


ထို့ပြင်   ပြည်ထောင်စုစာရင်း စစ်ချုပ်သည်  ယနေ့နံနက် ၉ နာရီ တွင်  ကျင်းပသည့်  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏      မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် ၍  ကံ့ကော်ပင်ကို  စိုက်ပျိုးပေးပြီး  အမြဲတမ်းအတွင်းဝန်၊  တာဝန်ရှိသူ များနှင့် အရာထမ်း၊ အမှုထမ်းများ က ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ မဟော် ဂနီ၊ ကျွန်း၊ ပျဉ်းကတိုးအပါအဝင် ပျိုးပင်ပေါင်း ၁၈၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်