
နေပြည်တော် ဇူလိုင် ၁၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်ရှိ လက်ဝဲဒက် မိသားစုဘော်ဒါ ဆောင်၌ နေထိုင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ တက်ရောက် သင်ကြားလျက်ရှိ သည့် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်း တပ်နယ်တို့မှ မိသားစုဝင် ကျောင်းသား ကျောင်း သူများအတွက် ကျောင်းသုံးဗလာ စာအုပ်များ ထောက်ပံပေးအပ်ခြင်း ကို ဇူလိုင် ၁၃ ရက်တွင် အဆိုပါ မိသားစုဘော်ဒါဆောင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက် ရောက် ပညာသင်ကြားလျက်ရှိ သည့် ဘူးသီးတောင်တပ်နယ် နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့မှ အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်း သား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်ရာ ကျောင်းသား ကျောင်း သူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင် များက ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဘော်ဒါဆောင်ဝင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်