
နေပြည်တော် ဇူလိုင် ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် လွိုင်ကော် အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်း အချုပ်ခန်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်း ချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား အကျဉ်း သူ၊ အချုပ်သား အချုပ်သူများကို အဆောင်လိုက် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ပြီး ယခင်က ကြည့်ရှုစစ်ဆေး စဉ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အကျဉ်းထောင်နှင့် အချုပ်ခန်းများကို ဝင်ရောက် ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သောက်ရေ၊ သုံးရေကန်များ ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်များနှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်