
နေပြည်တော် ဇူလိုင် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက် များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာနှင့် သီရိ မင်္ဂလာကျေးရွာတို့ရှိ တောင်သူများ၏ စိုက်ပျိုးမြေ ဧက ၂၁၀ အကျိုးပြုနိုင်မည့် ဝက္ကသေး ကျေးလက် ကုန်ထုတ်လမ်း အရှည် နှစ်မိုင် တစ်ဖာလုံ ဖောက်လုပ် နေမှုနှင့် ကုန်ထုတ်လမ်းပေါ်ရှိ ဆက်စပ်ကုန်ထုတ် တံတားများ တည်ဆောက်နေမှုကိုလည်းကောင်း၊ တောင်တွင်းကြီး- အောင်လံကားလမ်းမကြီးမှအရှည် ရှစ်မိုင်လေးဖာလုံ၊ ကျေးရွာ ခြောက်ရွာရှိ လူဦးရေ ၆၅၀၀ ကျော် ဖြတ်သန်းသွားလာ အသုံးပြုသည့် လက်တက်-ပေပင်ယား-ကျောင်းတော်ရာ- ယာကြီး တော ကျေးရွာချင်းဆက်လမ်း လမ်းပိုင်းအလိုက် ကျောက်ချော၊ မြေနီကျောက်စရစ်၊ မြေသားခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ် မင်းကန်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျားပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၁ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်
ယင်းနောက် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာ သားများအနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက် များကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ ကျေးရွာ၏ တင်ပြချက်များအနက် မိမိတို့ဝန်ကြီး ဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာ များ ဖြစ်ပေါ်လာစေရေး ကျေးရွာ၏အခြေခံအဆောက် အအုံလိုအပ်ချက်များ၊ မိသားစုဝင်ငွေတိုးပွားရေး လိုအပ်ချက်များ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အောင်လံမြို့နယ် အတွင်း လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သီရိခေတ္တရာခန်းမ တွင်ကျင်းပသည့် နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူ သုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံ ငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်၍ ကျေးရွာ သူ ကျေးရွာသားများအနေဖြင့် စီမံကိန်းရန်ပုံငွေများ စနစ်တကျ အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြ စေလိုကြောင်း၊ စီမံကိန်းများ ပိုမိုအောင်မြင် အကျိုးရှိ စေရန် တာဝန်ရှိသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆပ်ပြာချက် သရုပ်ပြဆောင်ရွက်
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ် ခြောက်မြို့နယ်မှ ကျေးရွာ ၈၉ ရွာ စီမံကိန်းရန်ပုံငွေပေါင်း ငွေကျပ်သိန်း ၉၁၀၀ ကို သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များ ထံသို့ လွှဲပြောင်းပေးအပ်ကာ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင်တန်းသူများက ဆပ်ပြာချက် သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်