တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်   ဇူလိုင်    ၁၃


ရဲဘော်စိတ်ဟူသည်      ရဲဘော် အချင်းချင်းအပေါ်    ထားရှိသော မေတ္တာတရား၊  သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်    ဖြစ် သည်နှင့်အညီ     တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်  အဆင့်အတန်း အားလုံး ရဲဘော်စိတ်  အပြည့်ထား ရှိပြီး  အထက်အောက်    ညီညွတ် မျှတသည့်    အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း      တပ်မတော် အကြီးအကဲမှ  လမ်းညွှန်မှာကြား ထားသည်ဖြစ်ရာ     အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲ အုပ်ချုပ်ရာ၌     တပ်မှူးကောင်း စိတ်ဓာတ်  (Commander Spirit)၊  ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)  တို့ဖြင့်    ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်း   စစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း   စစ်ဌာန ချုပ်(အပေါ်ပုံ)မှ  တိုင်းမှူးများနှင့်  တာဝန်ရှိသူများက    သက်ဆိုင်ရာ  ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ များနှင့် နယ်မြေခံသင်တန်းကျောင်း များသို့     သွားရောက်၍     အရာရှိ၊ စစ်သည်၊     မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ         အသီးသီး ပြုလုပ်ပေး၍ တက်ရောက်အားပေး ကာ  အရာရှိ၊  စစ်သည်၊ မိသားစု များနှင့်   အတူတကွ   လက်ရေ တစ်ပြင်တည်း   သုံးဆောင်ခဲ့ကြ သည်။

 


အလားတူ   တိုင်းစစ်ဌာနချုပ် များအလိုက်  တပ်နယ်အသီးသီးမှ တပ်မတော်    အရာရှိကြီးများက လည်း    ၎င်းတို့၏   ကွပ်ကဲမှုများ အလိုက်  တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ      အသီးသီး ပြုလုပ်၍  တက်ရောက်အားပေး ကာ  အရာရှိ၊  စစ်သည်၊  မိသားစု များနှင့်အတူတကွ   သုံးဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်