သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၁၃


သီရိလင်္ကာနိုင်ငံသို့     ဆန်လှူဒါန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပ သည်။

 


အစည်းအဝေးတွင် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်၊   ဒုတိယဝန်ကြီး   ဦးညွန့်အောင်က လက်ရှိအချိန်၌   သီရိလင်္ကာနိုင်ငံတွင်  စီးပွားရေး အကျပ်အတည်းများနှင့် ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထား သောအားဖြင့်  နိုင်ငံတော်ရန်ပုံငွေဖြင့်  ဆန်တန်ချိန်  ၁၀၀၀   လှူဒါန်းနိုင်ရေး  လှူဒါန်းမှု  ကြီးကြပ်ရေး အဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှူဒါန်း မှု လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့တက်ရောက်လာကြသည့် ဝန်ကြီးဌာနများ အနေဖြင့် လှူဒါန်းမည့်  ဆန်အမျိုးအစား၊  ဝယ်ယူ စုဆောင်းမည့်အစီအစဉ်၊  ကွန်တိန်နာ  ငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့်ကာလ၊      ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍     သက်ဆိုင်ရာကဏ္ဍအလိုက်   တင်ပြ ဆွေးနွေးပေးစေလိုပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ် များ အဆင်ပြေချောမွေ့စေရေးတို့အတွက် အားလုံး  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်းသည့်ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များအပေါ်  ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး  တင်ပြချက်များအပေါ်  ဒုတိယ ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်