တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းနှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲ ကချင်ပြည်နယ်အသင်း အနိုင်ရဗိုလ်စွဲ

 

နေပြည်တော်   ဇူလိုင်    ၁၀


အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်     မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း     အဖွဲ့ချုပ်တို့ ပူးပေါင်းမှုဖြင့် ၂၀၂၂ ခုနှစ်  တိုင်း ဒေသကြီးနှင့်ပြည်နယ်  ပိုက်ကျော် ခြင်းပြိုင်ပွဲကို     နေပြည်တော် ဝဏ္ဏသိဒ္ဓိ  အားကစားကွင်း(C)ရုံ၌    ယနေ့နံနက်   ၈   နာရီမှစတင်၍  ကျင်းပရာ     နှစ်ယောက်တွဲ    အသင်းလိုက် (အမျိုးသား)    ဆီမီး ဖိုင်နယ်တွင်   ကချင်ပြည်နယ် အသင်းက  မကွေးတိုင်းဒေသကြီး အသင်းကို    နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊  မွန်ပြည်နယ်အသင်းက       ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို      နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရသည်။

 


ဆက်လက်၍  နှစ်ယောက်တွဲ အသင်းလိုက်(အမျိုးသား) တတိယ လုပွဲယှဉ်ပြိုင်ရာ  ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကိုနှစ်ပွဲ - တစ်ပွဲဖြင့်      အနိုင်ရပြီး ဗိုလ်လုပွဲတွင်   ကချင်ပြည်နယ် အသင်းက    မွန်ပြည်နယ်အသင်း ကို   နှစ်ပွဲပြတ်ဖြင့်   အနိုင်ရဗိုလ်စွဲ သည်။


အားကာမောင်