
ဘာလီ ဇူလိုင် ၁၀
တရုတ်နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ဩစတြေးလျ နိုင်ငံ ခြားရေးဝန်ကြီး ပင်နီဝေါင်းနှင့် ဇူလိုင် ၈ ရက်က တွေ့ဆုံခဲ့ကြရာ အတားအဆီးများကို ဖယ်ရှားပြီး နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်း မှန်ပေါ် ရောက်ရှိရန် သဘောတူညီ ခဲ့ကြသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်း၌ ကျင်းပသည့် G20 နိုင်ငံ ခြားရေး ဝန်ကြီးများ အစည်း အဝေးတွင် သီးသန့်တွေ့ဆုံကြ ခြင်းဖြစ်သည်။
တရုတ် - ဩစတြေးလျ နှစ်နိုင်ငံဆက်ဆံရေးသည် စိန်ခေါ် မှုများနှင့် အခွင့်အလမ်းနှစ်ခုစလုံး ကို ရင်ဆိုင်နေရကြောင်း၊ နှစ်နိုင်ငံ ကြား သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် (၅၀) ပြည့် နှစ်ပတ်လည်အချိန်တွင် အပြန် အလှန်လေးစားမှုအပေါ် အခြေခံ ၍ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ကာ ပြန်လည် ချိန်ညှိရန် ဆန္ဒရှိကြောင်းနှင့် လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် တရုတ်နိုင်ငံ က ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ သည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပတ်သက်သည့် ကိစ္စရပ်များ ကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ဆင်ဟွာ