ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးတက်ရောက်ရန် ကမ္ဘောဒီးယားသို့ထွက်ခွာ

 

ရန်ကုန်   ဇူလိုင်  ၁၀


ကမ္ဘောဒီးယားနိုင်ငံ    ဖနောင်ပင်မြို့တွင်   ဇူလိုင် ၁၁ ရက်မှ  ၁၃ ရက်အထိ ကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ  အဖွဲ့ချုပ်ကောင်စီ အစည်း အဝေး (South East Asian Games Federation  Council Meeting)   သို့   တက်ရောက်ရန်အတွက်  မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အဖွဲ့ဝင် ငါးဦးတို့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင်  ရန်ကုန်မြို့မှ    ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

 


 ပြည်ထောင်စုဝန်ကြီးနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့သည်  SEAGF Council Meeting သို့ တက်ရောက် မည်ဖြစ်ပြီး    အဖွဲ့ဝင်အဖြစ်   လိုက်ပါသွားသည့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က SEAGF Sports  and  Rule Committee  အစည်းအဝေးကိုလည်း ကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦး က SEAGF Medical  အစည်းအဝေးကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ က SEAGF Women and Sports  Committee အစည်းအဝေးကိုလည်း ကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် က SEAGF Broadcast Committee အစည်းအဝေးကို လည်းကောင်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်းစဉ်