နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး စနစ်တကျလယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်မည့် လုပ်ငန်းဧရိယာအတွင်းပါဝင်သည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 

ပျဉ်းမနား   ဇူလိုင်  ၉


ပြည်ထောင်စုနယ်မြေ   နေပြည် တော်         ပျဉ်းမနားမြို့နယ် ပေါင်းလောင်းဆည်  ရေသောက် စနစ်တွင်   ပါဝင်သည့်   ဇီးဖြူပင် ကျေးရွာအုပ်စု     သစ်ဆိမ့်ပင် ကျေးရွာ စနစ်တကျလယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်ခြင်း လုပ်ငန်း တွင်     ပါဝင်ကြသည့်   ဒေသခံ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်  ပေါစံခေါကျေးရွာ  စိုက်ပျိုး စီးပွား    အသိပညာပေးစင်တာ၌ ကျင်းပသည်။

 


ရှေးဦးစွာ      နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုး က အဖွင့်အမှာစကား ပြောကြားရာ တွင်    ဒေသခံတောင်သူများ၏ လူမူစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံတောင်သူများ အားလုံးက  ဝိုင်းဝန်းကြိုးစား  ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ လယ်ယာမြေ များကို စနစ်တကျ လယ်ယာမြေ များအဖြစ်      အဆင့်မြှင့်တင် ဆောင်ရွက်ပေးမှုနှင့်အတူ ဒေသခံ တောင်သူများ    အနေဖြင့်လည်း စိုက်ပျိုးရေးထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် အကျိုး ရှိရှိ အသုံးချသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း   လုပ်ကိုင်မှု နှင့်အတူ မွေးမြူရေးလုပ်ငန်းများ ကိုလည်း  စီးပွားဖြစ်လုပ်ကိုင်နိုင် သည်အထိ  ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း     ပြောကြားသည်။

 


ထို့နောက်    ဆည်မြောင်းနှင့် ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီး ဌာန      တည်ဆောက်ရေး(၅)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမိုးလွင်က     စနစ်တကျ လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ် ခြင်းလုပ်ငန်း     ဆောင်ရွက်သွား မည့်   လုပ်ငန်းစဉ်များကို   လည်း ကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်  ဦးစီးမှူး       ဦးကျော်ဇင်ဝင်းက မြေပုံရေးဆွဲ တိုင်းတာခြင်းလုပ်ငန်း များ   ဆောင်ရွက်မည့်အစီအစဉ် များကို    လည်းကောင်း၊    စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးသွယ်မောင်မောင်ထွန်းက စက်ယန္တရားများဖြင့် မြေညှိခြင်း လုပ်ငန်းများကို   လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

 

ယင်းနောက်    စနစ်တကျ လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ် ခြင်း     လုပ်ငန်းဧရိယာအတွင်း ပါဝင်ကြသည့် တောင်သူများက  ကုန်ထုတ်လမ်းနှင့် ရေမြောင်းများ၊ ရေပေးဝေခြင်း  လုပ်ငန်းများနှင့် စပ်လျဉ်း၍     အကြံပြုဆွေးနွေး တင်ပြကြရာ      နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက     ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။ 

 


၎င်းနောက်   နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက    စနစ်တကျ လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ် ခြင်း    လုပ်ငန်းဆောင်ရွက်မည့် နေရာသို့   သွားရောက်၍  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။


မောင်မွှေး