ဘောရစ်ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ်ရာထူးနှင့် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်

 

လန်ဒန်   ဇူလိုင်   ၇ 


ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်ဝန်ကြီးချုပ်ရာထူးနှင့် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်ခဲ့ကြောင်း နိုင်ငံသို့ထုတ်ပြန်သော  ကြေညာချက်တွင် ဇူလိုင်  ၇ ရက်က ဖော်ပြခဲ့သည်။ 

 


ခေါင်းဆောင်သစ်မရွေးချယ်ရသေးမီကာလအတွင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

 


ပါလီမန်အဖွဲ့၏ဆန္ဒသည် ရှင်းလင်းကြောင်းနှင့် ခေါင်းဆောင်သစ်ရွေးချယ်ရေးလုပ်ငန်းစဉ်များကို မကြာမီစတင်သင့်ကြောင်း  ဘောရစ်ဂျွန်ဆင်က ပြောသည်။  ခေါင်းဆောင်သစ်ရွေးချယ်သွားမည့် အချိန်ဇယားကို လာမည့်သီတင်းပတ်တွင် ကြေညာ သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား လိုက်သည်။ 

 


ဘောရစ်ဂျွန်ဆင်က     ကြားကာလအတွင်း အစိုးရ၏  လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အစိုးရအဖွဲ့တစ်ဖွဲ့ကို     ဖွဲ့စည်းပေးခဲ့ကြောင်းနှင့် ခေါင်းဆောင်သစ်တာဝန်မယူခင်    ကာလအတွင်း   နိုင်ငံ့တာဝန်များကို    ၎င်းကိုယ်တိုင်    ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း  ပြောသည်။ 

 


ဗြိတိန်ဝန်ကြီးချုပ်      ဘောရစ်ဂျွန်ဆင်သည် တစ်စတစ်စများလာသော  အရှုပ်တော်ပုံများတွင် ပါဝင်ပတ်သက်မှုနှင့်   ပတ်သက်ပြီး  သီတင်းပတ် တစ်ပတ်ကြာ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

 


အဆိုပါအရှုပ်တော်ပုံများတွင်     ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်ကာလအတွင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို ဂရုမပြုဘဲ တွေ့ဆုံပွဲ ကျင်းပခဲ့မှုများပါဝင်သည်။ ထိုသို့ကျင်းပခဲ့ သည့်အတွက် ၎င်းနှင့် ထိပ်တန်းအာဏာပိုင်များကို ပြည်သူများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

 


ထို့အပြင် နောက်ဆုံးအရှုပ်တော်ပုံတွင် လိင်ပိုင်း ဆိုင်ရာ အကျင့်ပျက်မှုနှင့်ပတ်သက်ပြီး တရားဝင် တိုင်ကြားချက်များရှိသည်ဟု အသိပေးထားသော် လည်း ဥပဒေပြုအမတ် ခရစ်စတိုဖာ ပင်ချာကို ဒုတိယ အကြီးအကဲအဖြစ် ခန့်အပ်လိုက်မှုလည်း ပါဝင်သည်။ 

 


လွန်ခဲ့သည့်ရက်များတွင်   ကွန်ဆာဗေးတစ် ပါတီမှ အဖွဲ့ဝင်တော်တော်များများ ဆန္ဒပြမှုကြောင့် နုတ်ထွက်ခဲ့ကြသည်။ 
အတိုက်အခံပါတီခေါင်းဆောင် ကားရ်စတာမား က ဂျွန်ဆင်၏ဆုံးဖြတ်ချက်ကို ချီးကျူးလိုက်သော် လည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေဦးမည့် ရွေးချယ်မှုကိုမူ ဝေဖန်ခဲ့သည်။ 


ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ