အာရှနိုင်ငံအချို့မှာ ရေကြီးပြီး အာဖရိကနိုင်ငံအချို့မှာ မိုးခေါင်နေ

 

ကောင်းထက်
 

 

ရာသီဥတုပြောင်းလဲမှုဒဏ်ကို       ခံကြရခြင်းက ကမ္ဘာ့နေရာဒေသအလိုက်    ကွဲပြားခြားနားကြပါ တယ်။   တချို့ဒေသတွေက တချို့နေရာတွေထက် ပိုမိုပူနွေးကြပါတယ်။ တချို့ဒေသတွေမှာ မိုးသည်း ထန်စွာရွာသွန်းနိုင်သလို         တချို့အရပ်တွေမှာ ပြင်းထန်တဲ့ မိုးခေါင်မှုတွေ ပိုကြုံလာကြရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့     နိုင်ငံတွေဆိုရင်   ရာသီဥတု ပြောင်းလဲမှုနဲ့အညီ    လိုအပ်တဲ့    ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ လုံလောက်တဲ့ ဘဏ္ဍာရေးအင်အား မရှိတဲ့ အခါ ဆိုးကျိုးတွေကို ပိုမိုခံစားရဖွယ်ရှိပါတယ်။ 

 


လတ်တလော အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ အာရှရဲ့ နိုင်ငံအတော်များများမှာ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ သေဆုံးခြင်း၊ ကောက်ပဲသီးနှံများ  ပျက်စီးခြင်း၊ စီးပွားရေးဆုံးရှုံး ခြင်းတို့အပြင် လူ့အသက်ပင် ဆုံးရှုံးခြင်းများဖြစ်ပေါ်လျက်ရှိနေပါတယ်။ 

 


တစ်ဖန်   အာဖရိကရဲ့   နိုင်ငံအတော်များများ အထူးသဖြင့်  အီသီယိုပီးယား၊  ကင်ညာနဲ့   ဆိုမာ လီယာ နိုင်ငံတွေမှာတော့ မိုးခေါင်ရေရှားမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေကြရပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာ ပြတ်လပ်ပြီး အာဟာရချို့တဲ့ပြဿနာ၊ ငတ်မွတ်ခေါင်းပါးမှု       အန္တရာယ်မြင့်မားလာတဲ့ ပြဿနာ၊     လူတွေဟာ       ကီလိုမီတာရာနဲ့ချီ လမ်းလျှောက်ပြီး     စားစရာရှာဖွေရတဲ့   ပြဿနာ၊ တိရစ္ဆာန်တွေ သန်းနဲ့ချီ သေဆုံးရတဲ့ ပြဿနာ စတဲ့ ပြဿနာတွေနဲ့ အာဖရိကနိုင်ငံအချို့မှာ   ပြင်းပြင်း ထန်ထန် ရင်ဆိုင်နေကြရပါတယ်။ 

 


အိန္ဒိယ


အာရှဘက်အခြမ်းကို ကြည့်ရင် မိုးသည်းထန်စွာ ရွာသွန်းပြီး   ရေကြီးရေလျှံမှု   ဖြစ်ပွားနေတာကို တွေ့နိုင်ပါတယ်။  အိန္ဒိယနိုင်ငံ   အရှေ့မြောက်ပိုင်း အာသံပြည်နယ်နဲ့    မီဂါလာယာပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ ရွှံ့နွံ တွေ ပြိုကျမှုဖြစ်ပွားတာကြောင့် ၄၅ ဦးထက်မနည်း သေဆုံးကြောင်း  ဒေသအာဏာပိုင်တွေက  ပြောပါ တယ်။ မီဂါလာယာပြည်နယ် သဘာဝဘေးစီမံခန့်ခွဲ မှုအာဏာပိုင်အဖွဲ့မှ အကြီးတန်းအရာရှိ လင်ဒိုက ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၆၃၃၀၀၀ ကျော် ရေဘေးကြုံတွေ့ရကြောင်း   ဆိုပါတယ်။   အာသံ ပြည်နယ်မှာ   အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင် လာသူ  ၁၈၆၄၂၄   ဦးရှိပြီး   ကယ်ဆယ်ရေးစခန်း ၁၁၄၇ ခု    ဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့    ဆိုပါ တယ်။ 

 


ဘင်္ဂလားဒေ့ရှ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် မုတ်သုံမိုးရွာသွန်းမှု ကြောင့်   ဆူးလ်ဟက်နဲ့    ဆူနာမ်ဂါနီခရိုင်တွေမှာ ရေကြီးရေလျှံမှု၊ မြေပြိုကျမှုနဲ့ မိုးကြိုးပစ်မှုတွေ ဖြစ်ပွားပြီး   အနည်းဆုံး   လူ ၈၂   ဦးထက်မနည်း သေဆုံးကြောင်း နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားတာ တွေ့ရတယ်။ ဆူးလ်ဟက်ခရိုင်မှ အကြီးတန်းအရာရှိ   မိုရှာရုဖ်ဟော့ဆိန်က   လူ ၃၀၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားပြီး ဖြစ်ပေမယ့် လူသန်းနဲ့ချီ ရေဘေးကြုံတွေ့နေရတယ် လို့    ဆိုပါတယ်။    ဆူးလ်ဟက်ဒေသဟာ   ရေဘေး အများဆုံးကြုံတွေ့ရတဲ့    ဒေသဖြစ်ပြီး   လျှပ်စစ်နဲ့ အင်တာနက်ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေ တယ်လို့ ဆိုပါတယ်။ 

 


တရုတ်


တရုတ်နိုင်ငံမှာ      မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေဖြစ်ပွားပြီး လမ်းတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့ အပြင် လူ ၁၅ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ ကျန်းရှီးပြည်နယ်ဟာ ရေကြီးရေလျှံမှု အများဆုံးခံစားရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၈၀၀၀၀၀ ကျော်  ရေဘေးကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်   ကောက်ပဲသီးနှံ   ၄၃၃၀၀၀ ဟက်တာ ပျက်စီးဆုံးရှုံးမှုနဲ့ စီးပွားရေးတိုက်ရိုက် ဆုံးရှုံးမှု ယွမ်ဘီလီယံပေါင်းများစွာဖြစ်ပေါ်ခဲ့တယ်လို့လည်း  ဆိုပါတယ်။   တစ်ပတ်အတွင်း   မိုးသည်း ထန်စွာရွာသွန်းပြီး သေဆုံးသူတွေစာရင်းမှာ ဖူကျန်း ပြည်နယ်က အဆောက်အအုံပြိုကျမှုမှ ရှစ်ဦးပါဝင် တယ်လို့ သိရပါတယ်။ 

 


အာဖရိကဘက်အခြမ်းကို   ကြည့်မယ်ဆိုရင် နိုင်ငံအချို့မှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ခါးစည်းခံနေရတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် တောင်အာဖရိက၊    အီသီယိုပီးယား၊   ကင်ညာနဲ့ ဆိုမာလီယာနိုင်ငံတွေမှာ ဆိုးဆိုးရွားရွား ခံစားနေ ကြ ရတယ်လို့         နိုင်ငံတကာ        သတင်းရင်းမြစ်တွေ မှာ     ကျယ်ကျယ်ပြန့်ပြန့်   ဖော်ပြထားတာ တွေ့ရ ပါတယ်။ 

 


အီသီယိုပီးယား


မိုးခေါင်မှုဒဏ်ကြောင့်         အီသီယိုပီးယား တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ လူဦးရေ ၇ ဒသမ ၄ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနဲ့ ကြုံတွေ့နေရ ကြောင်း     ကုလသမဂ္ဂ   ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒယ်ဗလျူအက်ဖ်ပီ) က   သတိပေးပြောကြားထား ပါတယ်။  

 


 မကြာသေးမီက        အီသီယိုပီးယားနိုင်ငံရဲ့ မိုးခေါင်မှုတုံ့ပြန်ရေး   အခြေအနေနဲ့    ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်ချက်မှာ        နိုင်ငံအရှေ့ပိုင်း ဆိုမာလီဒေသရှိ လူ ၃ ဒသမ ၃ သန်းခန့်နဲ့ အိုရိုမီယာ ဒေသရှိ လူ ၃ ဒသမ ၀၉ သန်းဟာ မိုးခေါင်ပြီး ရေရှား မှုတွေကြောင့် စားနပ်ရိက္ခာမဖူလုံမှုနဲ့ ကြုံတွေ့နေရ ကြောင်း ဒယ်ဗလျူအက်ဖ်ပီက ပြောပါတယ်။ ဒါ့အပြင် လူပေါင်း ၃၀၀၀၀၀ နီးပါးဟာ ၎င်းတို့ရဲ့  တိရစ္ဆာန်တွေ အတွက်   ရေနဲ့    စားကျက်ရှာဖွေရန်အလို့ငှာ  ရွှေ့ပြောင်းခဲ့ကြောင်း၊  တိရစ္ဆာန် ၂ ဒသမ ၁ သန်းနီး ပါးဟာ   အစာရေစာပြတ်လပ်မှုကြောင့်   သေဆုံးခဲ့ရ ကြောင်း၊ နောက်ထပ် ၁၀ သန်းဟာလည်း သေဆုံး နိုင်ခြေရှိကြောင်း   ဒယ်ဗလျူအက်ဖ်ပီက   ဆက်ပြော ပါတယ်။

 


ဆိုမာလီယာ


အာဖရိကမှာ   မိုးခေါင်မှုဒဏ်ကို     ပြင်းပြင်း ထန်ထန်ခံစားနေရတဲ့ နိုင်ငံတွေအနက် ဆိုမာလီယာ နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ဆိုမာ လီယာနိုင်ငံဟာ နှစ်ပေါင်း ၄၀ အတွင်း  အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်နဲ့   ကြုံတွေ့နေရပါတယ်။   ဒါ့အပြင် ဆိုမာလီယာနိုင်ငံမှာရှိတဲ့ လူဦးရေ ၄ ဒသမ ၆ သန်း ကျော်ဟာ    စားနပ်ရိက္ခာမလုံလောက်မှု    အကျပ် အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းရင်းမြစ်တွေ က ဆိုပါတယ်။ 

 


စုစုပေါင်း လူဦးရေ ၃ ဒသမ ၄ သန်းဟာ အိုးအိမ် စွန့်ခွာပြီး အစားအစာ၊ ရေနဲ့ စားကျက်ရှာဖွေနေရပြီး အသက် ငါးနှစ်အောက် ကလေးငယ် ၁ ဒသမ ၄ သန်းဟာ အာဟာရချို့တဲ့မှုဒဏ်ကို ခါးစည်းခံစား နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားအုတ်၊ ဆိတ်၊ သိုးနဲ့    နွားအကောင်  ၇၀၀၀၀၀  လောက် သေဆုံးသွားတယ်လို့ နိုင်ငံတကာသတင်းရင်းမြစ် တွေမှာ ဖော်ပြထားပါတယ်။ 

 


တောင်အာဖရိက


တောင်အာဖရိကနိုင်ငံမှာဆိုရင်          အဓိက ရေလှောင်တမံလေးခုအနက် တစ်ခုဟာ ခန်းခြောက်စ ပြုလာပြီဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါ တယ်။ အခြားရေလှောင်တမံတစ်ခုက   လာမယ့် ရက်သတ္တ နှစ်ပတ်အတွင်း  ခန်းခြောက်သွားနိုင်ပြီး တတိယ ရေလှောင်တမံက  တစ်လလောက်အကြာမှာ ခန်းခြောက်သွားနိုင်တယ်လို့   နိုင်ငံတကာသတင်း တွေမှာ ဖော်ပြထားတာတွေ့ရတယ်။ ဒါကြောင့် တောင်အာဖရိကနိုင်ငံအနေနဲ့  မိုးခေါင်ရေရှားမှုဒဏ် ကို ဆက်လက်ခံစားရဖွယ် ရှိနေပါတယ်။  ဒါပေမယ့် လည်း   တောင်အာဖရိကနိုင်ငံမှာ   ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ နှစ်ပေါင်းကြာလာတော့ အဲဒီရေ ပြတ်လပ်မှုက လူနေမှုဘဝပုံစံတစ်ခုလိုဖြစ်လာတယ် လို့ ဆိုပါတယ်။        ။