သီပေါမြို့နယ် ကျောင်းစုကျေးရွာ ရှေးဟောင်းစေတီတော်မြတ်ကြီး အများပြည်သူ ဖူးမြော်နိုင်ရန်တည်ထား

 

သီပေါ ဇွန် ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)   သီပေါမြို့နယ်   ရွာသစ်ကျေးရွာအုပ်စု ကျောင်းစု ကျေးရွာ ဘဏ္ဍဘုန်းတော်ကြီးကျောင်းတိုက် ပရိဝုဏ်အတွင်း  ရှေးမင်းအဆက်ဆက်နှင့် ရှမ်းစော်ဘွားများ တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းမဟာဘဏ္ဍမုန်စေတီတော်မြတ်ကြီး နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ်များကြောင့် ပျက်စီးယိုယွင်းလျက်ရှိနေသဖြင့် ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့၏ သြဝါဒကို ခံယူ၍ ဘဏ္ဍကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် သာသနာ ဓဇဓမ္မာစရိယ  ဘဒ္ဒန္တဇာနေယျ  အရှင်သူမြတ်၏ ဦးဆောင်မှုဖြင့်  ဗုဒ္ဓ နွယ်ဝင်  စေတနာရှင်များ ပါဝင်လှူဒါန်းမှုနှင့် တည်ထားလျက်ရှိသည်။

 


ထို့ပြင် ရှေးဟောင်းစေတီတော်မြတ်ကြီး  အာရုံခံတန်ဆောင်းကြီး တွင် ကိန်းဝပ်စံပ္ပာယ်ကြည်ညိုကိုးကွယ်နိုင်ရန် သီပေါမြို့ ဈေးရပ်နေ ဘုရားဒါယိကာမကြီး ‌  ဒေါ်ဝင်းမာအေး  မိသားစုက  စကျင်ကျောက် ဆင်းတုတော်တစ်ဆူနှင့် ရန်ကုန်မြို့ အလှူရှင် ကပ္ပတိန်  ဦးစိန်တန် အောင်+ ဒေါ်ဇာခြည်ဝင်း      မိသားစုတို့က     ရှားပါးတန်ဖိုးရှိသော   ကျွန်းနက်ဗုဒ္ဓဆင်းတုတော်တစ်ဆူတို့ကိုလည်း လှူဒါန်းခဲ့သည်။

 


အဆိုပါ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရာတွင် ကုသိုလ်ပါဝင် လှူဒါန်းလိုကြသော စေတနာရှင်များအနေဖြင့် ဦးဆောင်ဆရာတော် ဘဒ္ဒန္တဇာနေယျ အရှင်သူမြတ် ဖုန်း ၀၉-၄၀၃၇၉၉၉၀၁ နှင့် ဂေါပကအဖွဲ့ ၀၉-၇၇၅၈၅၈၁၂၄ (KP) တို့ထံ  ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။      

                                                               

စိုင်း(သီပေါ)