အိမ်ဖြူတော်က monkeypox ရောဂါကာကွယ်ဆေးများ ဖြန့်ဝေပေးတော့မည်

 

ဝါရှင်တန်ဒီစီ   ဇွန်   ၂၉ 


Monkeypox ရောဂါကူးစက်ဖြစ်ပွားမှုကို  ဖြေရှင်း ရန် အိမ်ဖြူတော်က  monkeypox   ရောဂါကာကွယ် ဆေးများကို နိုင်ငံတစ်ဝန်း စတင်ဖြန့်ဝေပေးတော့မည်ဖြစ်ကြောင်း  ဇွန် ၂၈ ရက်က ပြောကြားလိုက် သည်။  အထူးသဖြင့်  monkeypox   ကူးစက်နိုင်ခြေ ရှိသည့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းရှိ ပြည်သူများကို အဓိကထား  ဦးတည်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

 

 
အမေရိကန်ကျန်းမာရေးနှင့်  လူမှုဝန်ဆောင်မှု ဌာနက  monkeypox   ကူးစက်ဖြစ်ပွားမှု  မြင့်တက် သည့်  ဒေသများသို့  ကာကွယ်ဆေး ၅၆၀၀၀ ခန့် ချက်ချင်းပို့ဆောင်ပေးတော့မည်ဖြစ်သည်။ 

 


လာမည့်    သီတင်းပတ်အနည်းငယ်အတွင်း နောက်ထပ်  monkeypox  ကာကွယ်ဆေး ၂၄၀၀၀၀ ခန့်ထပ်မံဖြန့်ဝေပေးတော့မည်ဖြစ်သည်။ 

 


ထို့ပြင်    စုစုပေါင်းကာကွယ်ဆေး   ၁   ဒသမ ၆ သန်းလာမည့်လအနည်းငယ်အတွင်း ရရှိနိုင်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။ 

 


monkeypox  ကူးစက်ဖြစ်ပွားမှု မြင့်တက်နေ သည့်    ပြည်နယ်များတွင်    ကယ်လီဖိုးနီးယား၊ နယူးယောက်၊   အီလီနွိုက်၊  ဖလော်ရီဒါနှင့်  ဝါရှင် တန်ဒီစီတို့   ပါဝင်ကြောင်း  အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   ကုသရေးဌာန (စီဒီစီ)၏ နောက်ဆုံးထုတ်ပြန်လိုက်သော    အချက်အလက် များအရ  သိရသည်။ 

 


မိမိတို့သည်   monkeypox  ရောဂါကူးစက် ဖြစ်ပွားနေသူအတွက်သာမက    မကြာသေးမီက monkeypox  ကူးစက်ခံသူများအတွက်ပါ ကာကွယ် ဆေးများ    ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စီဒီစီညွှန်ကြားရေးမှူး  ရိုချယ်လီဝယ်လန်စကီက ပြောသည်။ 

 


အမေရိကန်ပြည်ထောင်စုတွင် မေ ၁၈ ရက်က monkeypox  စတင်တွေ့ရှိခဲ့သည်။ ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စု၏  ပြည်နယ်ပေါင်း ၂၈ ခုတွင်  monkeypox  ရောဂါကူးစက်ဖြစ်ပွားလျက် ရှိသူ ၃၀၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း  စီဒီစီ၏နောက်ဆုံးထုတ်ပြန်လိုက်သော    အချက်အလက် များအရ သိရသည်။ 

ဆင်ဟွာ