
ပေကျင်း ဇွန် ၂၅
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့ရန် အတွက် ရန်ပုံငွေ ဒေါ်လာ တစ်ဘီလီယံကို ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ BRICS ဟု လူသိများသော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပြုလုပ်သော ငါးနိုင်ငံ ထိပ်သီးအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက လက်ခံကျင်းပသော အွန်လိုင်းအစည်းအဝေးသို့ အင်ဒိုနီးရှား၊ အီရန်နှင့် အီဂျစ်နိုင်ငံတို့အပါအဝင် ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ ၁၃ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြကြောင်း တရုတ်နိုင်ငံ မီဒီယာများက ပြောသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် ရေး တိုးမြှင့်လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံက မတည်ထားသော ရှိရင်းစွဲ ဒေါ်လာ သုံးဘီလီယံကို နောက်ထပ် တစ်ဘီလီယံ ထပ်မံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်။
ထို့အပြင် စပါးနှင့် အခြားကောက်ပဲသီးနှံများ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေးတွင် တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ ပို့ကုန်များကို ပိတ်ဆို့မှုအကြောင်းပြု သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတနှေင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေချိန်တွင် ရှီကျင့်ဖျင်၏ ထိုကဲ့သို့ ကတိကဝတ် ပေါ်ထွက်လာခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ