၂၀၂၂ ခုနှစ် လော်ရီရယ် - ယူနက်စကို အမျိုးသမီး သိပ္ပံပညာရှင်ဆုကို တရုတ်နိုင်ငံမှ အာရုံကြောသိပ္ပံပညာရှင် တစ်ဦးအပါအဝင် အမျိုးသမီး ပါမောက္ခငါးဦး ဆွတ်ခူးရရှိ

 

ပဲရစ်  ဇွန်  ၂၄


၂၀၂၂ ခုနှစ် လော်ရီရယ် - ယူနက် စကို အမျိုးသမီးသိပ္ပံပညာရှင်ဆု ကို   တရုတ်နိုင်ငံသူ  အာရုံကြော သိပ္ပံပညာရှင်    ဟူဟိုင်လန်နှင့် အခြားအမျိုးသမီး သိပ္ပံပညာရှင် လေးဦးတို့         ရရှိခဲ့ကြောင်း ကုလသမဂ္ဂပညာရေး၊   သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ  အဖွဲ့အစည်း (UNESCO)က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည်။

 


ရှီကျန်းတက္ကသိုလ် ဆေးပညာ ဆိုင်ရာဌာန၏   အာရုံကြောသိပ္ပံ ဌာနမှ ပါမောက္ခနှင့် အမှုဆောင် ဒါရိုက်တာဖြစ်သူ   ဟူဟိုင်လန် သည်  ၎င်း၏  အာရုံကြောသိပ္ပံ ဆိုင်ရာ     အထူးရှာဖွေတွေ့ရှိမှု ဖြစ်သည့် စိတ်ကျရောဂါကုသရေး ဆိုင်ရာ ဆေးဝါးသစ်များ၏ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း      ကုလသမဂ္ဂက မှတ်ချက်ပြုသည်။

 

၎င်းနှင့်အတူ အခြားသော ဆုရရှိသည့် ပါမောက္ခ လေးဦးမှာ   ကျူးဘားနိုင်ငံသူ မာရီယာ ဂွတ်ဇ်မန်း၊ အမေရိကန် နိုင်ငံသူ    ကတ်တလင်း  ကရီကို၊ ရဝမ်ဒါနိုင်ငံသူ     အက်ဂနက်စ် ဘင်နာဂွာဟိုနှင့်   စပိန်နိုင်ငံသူ အိန်ဂျလာနီတိုတို့   ဖြစ်ကြောင်း ယူနက်စကိုက ထုတ်ပြန်သည်။ 

 


ဂွတ်ဇ်မန်းသည်   အပူပိုင်း တုပ်ကွေး  ခေါ် သွေးလွန်တုပ်ကွေး ရောဂါ ကုသရေးဆိုင်ရာ လုပ်ငန်း များတွင် ဦးဆောင်နိုင်မှုအတွက် လည်းကောင်း၊   ကရီကိုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ    ဖွံ့ဖြိုးတိုးတက်မှုအတွက် RNA နည်းပညာဖွံ့ဖြိုးရေးတွင် ၎င်း၏ ပံ့ပိုးကူညီမှုအတွက်လည်း ကောင်း၊    ဘင်နာဂွာဟိုသည်  အာဖရိကရှိ   ထိခိုက်လွယ်ဆုံးသူ များအတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု   စနစ်အသစ်ကို ထူထောင်ရာတွင်   ပါဝင်မှုနှင့် ကင်ဆာကုသမှုနှင့်  ပတ်သက်၍ ၎င်း၏ ရှာဖွေတွေ့ရှိမှုများအတွက် လည်းကောင်း    အဆိုပါဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 

 


ကမ္ဘာကြီးသည်  သိပ္ပံပညာကို လိုအပ်ကြောင်း၊    သိပ္ပံပညာက လည်း အမျိုးသမီးများကို လိုအပ် ကြောင်း၊   သိပ္ပံပညာသည်  အမျိုး သမီးများ၏      အသက်မွေးဝမ်း ကျောင်းဆိုင်ရာ      လုပ်ငန်းများ အတွက်    ပို၍ကောင်းမွန်သည့်  လမ်းကြောင်းများကို ဖွင့်လှစ်ပေး နိုင်ပြီး ယူနက်စကိုက သိပ္ပံပညာ ရေးဆိုင်ရာ   အစီအစဉ်များတွင် လိင်ကွဲပြားမှုပုံစံများကို ဖယ်ရှား နိုင်ရန်အတွက် လုပ်ဆောင်လျက် ရှိကြောင်း ယူနက်စကို ညွှန်ကြား ရေးမှူးချုပ် အော်ဒရေ အဇူလေ က    ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသည်။  

 


ကိုဗစ်-၁၉      ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်    ပြီးခဲ့သည့် နှစ်နှစ်အတွင်း   ဆုပေးပွဲများကို မကျင်းပနိုင်ခဲ့သည့်အတွက်  ၂၀၂၀ ပြည့်နှစ်နှင့်   ၂၀၂၁  ခုနှစ်တို့တွင်  ဆုရရှိသူ     ၁၀  ဦးတို့ကိုလည်း  ယခုအခမ်းအနားတွင်   ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 
လွန်ခဲ့သည့်  နှစ်ပေါင်း  ၂၀  မှ စတင်၍  ယူနက်စကိုနှင့် လော်ရီ ရယ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ  သိပ္ပံပညာတွင်     ကျားမရေးရာ ဟန်ချက်ညီမှုကို   မြှင့်တင်ရန်နှင့် သိပ္ပံပညာဖြင့်    အသက်မွေးဝမ်း ကျောင်းပြုနိုင်ရေး ငယ်ရွယ်သည့် အမျိုးသမီး      မျိုးဆက်သစ်များ ကို   လှုံ့ဆော်ပေးနိုင်ရန်အတွက် နှစ်စဉ်   ထူးချွန်အမျိုးသမီး  သိပ္ပံ ပညာရှင်ငါးဦးကို   ဆုများချီးမြှင့် ခဲ့ခြင်းဖြစ်သည်။


ဆင်ဟွာ