အာဖဂန်နိုင်ငံအရှေ့ပိုင်းတွင် နှင်းကျခြင်းနှင့် ရာသီဥတုအေးခဲခြင်းကြောင့် ၁၂ ဦးသေဆုံး

 

ကဘူးလ်    ဇွန်   ၂၃


အာဖဂန်နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်တွင် နှင်းကျခြင်းနှင့် ရာသီဥတု အေးခဲခြင်းကြောင့် ကလေး ၁၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ဘက်တား သတင်းဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

 


အဆိုပါ သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာမှာ ချော်ကေး ခရိုင်  ယူဂယ်ဧရိယာတွင်   ဖြစ်ပွားခြင်းဖြစ်ကြောင်း၊   လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အိမ်ခြေမဲ့မိသားစုဝင်များသည် တိရစ္ဆာန်များကို ထိန်းကျောင်းရန်အတွက်     တောင်ပေါ်သို့ သွားစဉ်     ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ကြောင်း      အမည်မဖော်လိုသူ      ရွာသားများက ပြောသည်။

 


အာဖဂန်နိုင်ငံ     စစ်ဘေးသင့်နေရာတွင်      မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်   ရေကြီးမှုဖြစ်ပွားခြင်းကြောင့်  လူဒါဇင် နှင့်ချီ၍ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 


ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးမှုများအပြင် ဇွန် ၂၂ ရက်အစောပိုင်းက နိုင်ငံအရှေ့ပိုင်း ပါ့ခ်တီနာပြည်နယ်နှင့် ခေါ့စ် ပြည်နယ်တို့တွင် ငလျင်လှုပ်မှုကြောင့် လူပေါင်း ၁၀၀၀  ကျော်  သေဆုံးခဲ့ကြောင်း သိရသည်။                                                          

ဆင်ဟွာ