
နယူးဒေလီ ဇွန် ၂၃
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၅ ဒသမ ၄၅ သန်း ဘေးဒုက္ခကြုံတွေ့လျက်ရှိပြီး ၁၀၁ ဦး သေဆုံးခဲ့ ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန် ၂၃ ရက်က ပြောကြားလိုက်သည်။
အိန္ဒိယနိုင်ငံ ဒေသအတော်များများတွင် ရေလွှမ်းမှုများ ကြုံတွေ့နေရသည့်အပြင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများလည်း ဖြစ်ပွား ခဲ့သည်။
ဇွန် ၂၂ ရက်က ပြည်နယ်တစ်ဝန်း သေဆုံးသူ ၁၂ ဦးရှိကြောင်း သတင်းဖော်ပြခဲ့သည်။ အာသံပြည် နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှု ဖြစ်ပွားချိန် မေလလယ်ကတည်းက ယခုအချိန်အထိ သေဆုံးသူပေါင်းမှာ ၁၀၁ ဦးအထိ ရှိလာပြီဖြစ်သည်။ အာသံပြည်နယ်၏ ခရိုင် ၃၂ ခုတွင် ရေဘေးဒုက္ခ ခံစားရလျက်ရှိသည်။
ကျေးရွာပေါင်း ၅၀၀၀ နီးပါး ရေလွှမ်းနစ်မြုပ်ပြီး ကောက်ပဲသီးနှံဟက်တာပေါင်း ၉၉၀၂၆ ဟက်တာ ထိခိုက်ပျက်စီးခဲ့ကြောင်း အရာရှိများက ပြောသည်။
ဒေသအာဏာပိုင်များသည် ရေလွှမ်းမှုဖြစ်ပွား ရာဒေသများတွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၁၈၇၁ ခုအထိ တည်ဆောက်ပေးခဲ့သည်။ အဆိုပါ စခန်းများတွင် ကလေးငယ် ၇၃၉၇၈ ဦးအပါအဝင် လူပေါင်း ၂၇၁၁၂၅ ဦး ခိုလှုံလျက်ရှိသည်။ ကယ်ဆယ် ရေးလုပ်ငန်းများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက် ရှိကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ရန် ရဟတ်ယာဉ်များကို အသုံးပြုလျက်ရှိသည်။ မိုးရာသီ ၌ ရေကြီးမှုများသည် အာသံပြည်နယ်တွင် ပုံမှန်ဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ