ဩစတြေးလျလူငယ်များအကြား ဘဝနေထိုင်မှုလမ်းကြောင်းသစ်ရှာဖွေရန် မြို့ကြီးများကိုစွန့်ခွာမှုခေတ်စားလာ

 

ဆစ်ဒနီ   ဇွန်  ၂၃


ဩစတြေးလျနိုင်ငံရှိ   လူငယ်များ အကြား   ဘဝနေထိုင်မှု    လမ်း ကြောင်းသစ်ကို ရှာဖွေရန်အတွက် မြို့ကြီးများကို စွန့်ခွာရွှေ့ပြောင်း နေထိုင်မှု ငါးနှစ်တာကာလအတွင်း ပိုမိုမြင့်တက်လာကြောင်း    နိုင်ငံ့ ထိပ်တန်းဘဏ်တစ်ခုနှင့် အကြံ ပေးအဖွဲ့တစ်ခုက ထုတ်ပြန်ထားသည်။

 


ဩစတြေးလျ     ဓနသဟာယ ဘဏ်  (CBA)  နှင့်    ဩစတြေးလျ ဒေသဆိုင်ရာ အင်စတီကျု (RAI)တို့၏    ဒေသတွင်း     ရွှေ့ပြောင်း နေထိုင်သူများ အညွှန်းကိန်း(RMI)အရ   ယခုနှစ်    ပထမသုံးလတာ ကာလအတွင်း   ၁၆  ဒသမ ၆ ရာခိုင်နှုန်းသော ဩစတြေးလျနိုင်ငံ သား လူငယ်များသည်  ဆစ်ဒနီနှင့် မဲလ်ဘုန်းကဲ့သို့သော    မြို့ကြီး များကို  စွန့်ခွာရွှေ့ပြောင်းမှု ပိုမို မြင့်တက်လာကြောင်း   ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

 


"Millennials" ခေါ် အသက် ၂၄ နှစ်မှ ၄၀ ကြား လူငယ်များနှင့် Gen-X ခေါ် အသက် ၄၀ မှ ၅၆ အရွယ်ကြားရှိ နိုင်ငံသားများသည် ကျေးလက်ဒေသများသို့   သွား ရောက်  ရွှေ့ပြောင်းနေထိုင်ကြပြီး ဒေသတွင်း   ကျောင်းနေမှုစနစ်၊ အားကစား ပူးပေါင်းဆောင်ရွက်မှု နှင့်  ဒေသတွင်းလူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို   အထောက် အကူဖြစ်စေသည့်    လုပ်ငန်း ကျွမ်းကျင်မှုများကို  ဆောင်ကြဉ်း ပေးလျက်ရှိကြောင်း၊  ကျေးလက် နေထိုင်မှုစနစ်က  ကုန်ကျစရိတ် နည်းနည်းဖြင့်    ပိုမိုကောင်းမွန် သည့် မိသားစုနေထိုင်မှုဘဝကို ရရှိစေခြင်းသည်   ထူးခြားသည့် ဆွဲဆောင်မှုတစ်ရပ်    ဖြစ်နေ ကြောင်း ဩစတြေးလျဒေသဆိုင် ရာ  အင်စတီကျု၏   အမှုဆောင် ဥက္ကဋ္ဌ လဇ်ရစ်ချီက ပြောသည်။

 


ဒေသတွင်း      ရွှေ့ပြောင်း နေထိုင်မှုက    အဆိုပါ   အသက် အရွယ်များအကြား အလုပ်အကိုင် ရရှိမှု အခွင့်အလမ်းများကိုလည်း ပိုမို     တိုးတက်လာစေကြောင်း၊  ဒေသတွင်း   စိုက်ပျိုးရေး၊   ကုန် ထုတ်လုပ်မှု၊ လက်လီရောင်းချမှု စနစ်များ  စသည့်ကျယ်ပြန့်သော စက်မှုလုပ်ငန်းများတွင် ပိုမိုခိုင်မာ သည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ကျေးလက်ဒေသများ  ပိုမိုဖွံ့ဖြိုး လာကြောင်း   ဩစတြေးလျ  ဓန သဟာယဘဏ်၏ ဒေသတွင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ   အမှုဆောင် အထွေထွေမန်နေဂျာ    ပေါလ် ဖော်လာက ဆိုသည်။

 


ဩစတြေးလျနိုင်ငံ     ဒေသ အများအပြားရှိ   ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့်    ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်သားရှားပါး နေပြီး  ကုန်စည်နှင့်ဝန်ဆောင်မှု များတွင်   ကျွမ်းကျင်လုပ်သား များစွာ  လိုအပ်လျက်ရှိကြောင်း ၎င်းက   ထပ်လောင်းပြောကြားသည်။ 

 


အထူးသဖြင့် ဗစ်တိုးရီးယား ပြည်နယ်   မိုရယ်ဘိုးဒေသနှင့် ကွင်းစလန်းပြည်နယ်  ဒေသန္တရ အစိုးရဒေသတို့တွင်  ၅၅  ရာခိုင် နှုန်းထက်မနည်း    ကျေးလက် ဒေသသို့   ရွှေ့ပြောင်းနေထိုင်ကြပြီး ရွှေ့ပြောင်းနေထိုင်သူ    အများဆုံး ဒေသများအဖြစ် သတ်မှတ်ထား သည်။    ယင်းပြည်နယ်များရှိ အခြားသော     ဒေသများသို့  ရွှေ့ပြောင်းနေထိုင်သူများလည်း ရှိသည်။    

ဆင်ဟွာ