အိန္ဒိယနိုင်ငံ၌ လာမည့် ဩဂုတ်လတွင် 5G ကွန်ရက်ဖြန့်ကြက်မှုစတင်မည်

 

နယူးဒေလီ   ဇွန်   ၁၉ 


အိန္ဒိယနိုင်ငံ၌ ယခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း        5G ကွန်ရက်ဖြန့်ကြက်မှုကို       စတင် မည်ဖြစ်ကြောင်း           အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး  အာရှာဝီနီ ဗစ်ရှ်နော် ကပြောကြားသည်။

 


5G ကွန်ရက် 
စတင်မည်


လာမည့်        ဩဂုတ်လမှ စက်တင်ဘာလအတွင်း    5G ကွန်ရက်ကို        စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း၊ သို့သော် ပို၍အရေးကြီးသည်က   တစ်ချိန် တည်းတွင် 4G ကွန်ရက် နှင့်  5G ကွန်ရက်       နည်းပညာများကို ပြီးပြည့်စုံအောင်    တီထွင်ပြီး တစ်ဘီလီယံ   ဖုန်းခေါ်ဆိုခကို          တစ်ပြိုင်နက်တည်း               စမ်းသပ် ခဲ့ကြောင်း၊         ယခုနှစ်ကုန်တွင်     မြို့နယ်နှင့်   မြို့ပေါင်း  ၂၀ မှ ၂၅ မြို့အထိ   ဝန်ဆောင်မှုပေးသွား  မည်ဖြစ် ကြောင်း    ဝန်ကြီးက  ဆက်လက် ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏           လက်ရှိ ဒေတာစျေးနှုန်းများသည် ကမ္ဘာ့ ပျမ်းမျှထက်      သိသိသာသာ လျော့နည်းသဖြင့်   ဝန်ဆောင်မှု အသစ်များ စတင်လိုက်သည်နှင့် အမျှ နှုန်းထားများကို ဆက်လက် သတ်မှတ်သွားမည်  ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

 


ကမ္ဘာကို ဦးဆောင်ရန်


အိန္ဒိယနိုင်ငံသည် 5Gကွန်ရက် ဖြန့်ကြက်မှုတွင်   ကမ္ဘာအနှံ့ရှိ     ကုမ္ပဏီ သို့မဟုတ်   အဖွဲ့အစည်း များနှင့်    ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး 6G ကွန်ရက် ဖြန့်ကြက်မှု တွင်လည်း  ကမ္ဘာကို  ဦးဆောင်ရန်     ရည်ရွယ်ထားကြောင်း         ဝန်ကြီး က  ဆက်လက်ပြောသည်။  

 


ဈေးနှုန်း ၁၀ ဆသက်သာ      


စျေးနှုန်းနှင့်        ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင်  ပျမ်းမျှဒေတာ နှုန်းထားများသည်  ဆက်သွယ်ရေး ကဏ္ဍတွင်   အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာရှိကြောင်း၊ အိန္ဒိယနိုင်ငံ တွင်  အမေရိကန်ဒေါ်လာ    ၂ ဒေါ်လာရှိပြီး ကမ္ဘာတစ်ဝန်းထက်   ဈေးနှုန်း   ၁၀ ဆ   သက်သာကြောင်း ဝန်ကြီးက ပြောသည်။   


ဆင်ဟွာ