ဗြိတိန်တွင် ငွေကြေးဖောင်းပွမှုမြင့်တက်လာသောကြောင့် လုပ်ခလစာတိုးမြှင့်ပေးရန် အလုပ်သမားများ တောင်းဆို

 

လန်ဒန်   ဇွန်   ၁၉ 


ဗြိတိန်နိုင်ငံ၌    သမိုင်းဝင် ငွေကြေးဖောင်းပွမှု မြင့်တက်လာသောကြောင့်  ထောင်ပေါင်းများစွာသော  အလုပ်သမားများသည်     လုပ်ခလစာတိုးမြှင့်ပေးရေး  တောင်းဆိုရန်အတွက် လန်ဒန်၌  စုရုံးမှုများ     ဖြစ်ပွားခဲ့ကြောင်း  အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ     သိရသည်။ 

 


အလုပ်သမားသမဂ္ဂသည် ဇွန် ၁၈   ရက်တွင်   ချီတက်ဆန္ဒပြခဲ့ ကြောင်း၊   ဗြိတိန်၌   စားသုံးသူ ဈေးနှုန်း အညွှန်းကိန်းသည် ၂၀၂၂ ခုနှစ် ဧပြီလအထိ ၁၂ လအတွင်း ၉  ရာခိုင်နှုန်းအထိ   မြင့်တက်ခဲ့ ကြောင်း၊  အဆိုပါ   မြင့်တက်မှု သည်  နှစ်ပေါင်း ၄၀ ခန့်အတွင်း  အမြင့်မားဆုံး        မြင့်တက်မှုဖြစ်ကြောင်း သိရသည်။ 

 


လောင်စာဆီ၊    စားသောက် ကုန်ဈေးနှုန်းများနှင့် နေထိုင်ရေး စရိတ်များ      သိသိသာသာ မြင့်တက်လာသော်လည်း  လုပ်ခ လစာများကို    တိုးပေးခြင်း    မရှိ ကြောင်း ဆန္ဒပြသူများက   ပြော သည်။   အဆိုပါ   ဆန္ဒပြသူများ သည်   သင့်လျော်သော    လုပ်ခ လစာတိုးပေးရန်             တောင်းဆို ခြင်းဖြစ်ကြောင်း      သိရသည်။  အချို့သော   ဆန္ဒပြသူများသည်    ငွေကြေးဖောင်းပွမှုကို   မဖြေရှင်း နိုင်ပါက   ဝန်ကြီးချုပ်   ဘောရစ် ဂျွန်ဆင်ကို  ရာထူးမှ    ဆင်းပေး  ဖို့    တောင်းဆိုကြောင်း သိရသည်။          

                                                                                                               
အင်န်အိတ်ချ်ကေ