ဥပ္ပါတသန္တိစေတီတော် ရွှေစင်ရွှေပြား လုံးတော်ပြည့်စေသော်

Type
99

 

ညိုထွန်းလွင်

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကဦးဆောင်ကာ စေတီတော်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၂၆၀၄ စတုရန်းပေအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းနှင့်ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 


ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်တည်လာ


အံ့ဖွယ်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အမြင့် ပေအောက် ၁ ပေလျော့၍ ၃၂၅ ပေ အမြင့်တော်ရှိ သော “ဥပ္ပါတသန္တိစေတီတော်ကြီး” သည် အကြီး အကဲနှင့်တကွသော အများပြည်သူတို့၏ ကုသိုလ် ကောင်းမှုကြောင့်      လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်နိုင်ရန်   ရည်ရွယ်ထားရှိခဲ့ရာ  သပ္ပာယ် တင့်တယ်စွာဖြင့်          ဗုဒ္ဓဘာသာဝင်များအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဖြစ်တည်လာခဲ့မည် ဖြစ်ပါသည်။

 


၄-၈-၂၀၀၆ ခုနှစ်မှ ၉-၃-၂၀၀၉    ခုနှစ်အထိ ၂ နှစ် ၇ လ ၅ ရက်ကြာ တည်ထားခဲ့ရသော စေတီ တော်မြတ်ကြီးတွင် ဂေါတမဘုရားရှင်၏ “သာရီ ရိက” ဓာတ်တော်အစစ်   ခြောက်ဆူကို   ဌာပနာ သွင်းလှူပူဇော်ထားရှိပါသည်။ ထီးတော်တင်လှူပြီး ချိန်တွင် အပေါ်ပိုင်းစိန်ဖူးတော်၊     ငှက်မြတ်နားတော်၊ ထီးတော်၊ ပန်းလည်တိုင်၊ ငှက်ပျောဖူးတော်၊ ကြာ လန်ရွဲနှင့် ကြာမှောက်၊ အောက်ကြာနုအထိ ရွှေစင် ရွှေပြားများကို တစ်ပြိုင်နက်ပူဇော်ထားရှိပြီး စေတီ တော်မြတ်ကြီး၏ ဖောင်းရစ်အောက်ခြေ ကြာမှောက် မှ   ပန်းတည်ခုံသို့တိုင်   ရွှေဆေးသင်္ကန်းတော်များ ကပ်လှူပူဇော်ထားရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ ရာတွင် ရွှေစင်ရွှေပြား သုံးကျပ်သား အချပ်ရေ ၁၂၀၇ ချပ်၊ တစ်ကျပ်သား   အချပ်ရေ  ၂၂၀  တို့ဖြင့် ရွှေဆေး သင်္ကန်းအပါအဝင်အတွက်   အလှူရှင်များစွာတို့မှ “ပထမကြိမ်”       လှူဒါန်းပူဇော်ခဲ့ကြပါသည်။ စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စများကို ဂေါပက အဖွဲ့မှ တာဝန်ယူပြီးနောက် ပထမအကြိမ် ၈-၁၁-၂၀၁၄ မှ ၂၀-၂-၂၀၁၅ ရက်နေ့အတွင်း တတိယ ဖောင်းရစ်ဧရိယာ ၂၂၈၀ ဒသမ ၁၃ စတုရန်းပေအား ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် ၂-၂-၂၀၁၅ ရက်နေ့ တွင်    ကပ်လှူပြီးစီးခဲ့ပြီး     ကျန်အောက်ခြေ ပန်းတည်ခုံအထိ   ရွှေဆေးသင်္ကန်းကို   ဆက်လက် ကပ်လှူခဲ့ရာ   ၂၀-၂-၂၀၁၅   ရက်နေ့တွင်   ပြီးစီး အောင်မြင်ခဲ့ပါသည်။   ဆက်လက်ပြီး    ဒုတိယ ဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေအား ရွှေစင်ရွှေပြား   ၂၂၃၂   ချပ်  ကပ်လှူခြင်းနှင့်     ကျန် အောက်ခြေပန်းတည်ခုံတိုင် ဧရိယာတို့အား ရွှေဆေး သင်္ကန်းကပ်လှူခြင်းကို ၁၈-၁၁-၂၀၁၈ မှ ၁၉-၂-၂၀၁၉  ရက်နေ့အတွင်း   ဒုတိယအကြိမ်ကပ်လှူ ပြီးစီးအောင်မြင်ခဲ့ပါသည်။

 


စေတီတော်မြတ်ကြီးကို ရဟန်းရှင်လူ၊ ပြည်သူ ပြည်သားအပေါင်းတို့အား ဘေးဥပဒ်အန္တရာယ် ရန် အသွယ်သွယ်တို့မှ  ကင်းစင်ငြိမ်းပျောက်   ချမ်းသာ ရောက်စေပြီး  ကောင်းကျိုးစဉ်လာ  ကျက်သရေမင်္ဂလာ အဖြာဖြာတို့    ပြည့်စုံစေလျက်   ကြည်ညိုသဒ္ဓါပွား များ နိုင်ကြစေရန် “ဥပ္ပါတသန္တိ” ဟူ၍ အမည်တွင်စေ ခဲ့ပြီး    ရည်ရွယ်တည်ဆောက်  ပူဇော်ထားရှိခဲ့ခြင်း ဖြစ်ပါသည်။

 


ယခုအခါ   ဂေါပကအဖွဲ့၏  ဦးဆောင်မှုဖြင့် တတိယအကြိမ်မြောက်   ကပ်လှူပူဇော်မည်ဖြစ်ရာ အောက်ပါအတိုင်း လုပ်ငန်းအဆင့်ဆင့်ဖြင့် ဆောင်  ရွက်ကြရပါသည်-


(၁)     စီမံချက်ရေးဆွဲခြင်း။ 
(၂)             ကော်မတီများဖွဲ့စည်းခြင်း။ 
(၃)     ညှိနှိုင်းအစည်းအဝေးများကျင်းပခြင်း။ 
(၄)     ရွှေစင်ရွှေပြား       ကပ်လှူရေးအတွက် 
            စေတီတော်  ဩဝါဒါစရိယ   ဆရာတော် 
            ကြီးများထံမှ ဩဝါဒခံယူခြင်း။  

 


ထိုသို့   ဆောင်ရွက်ရမှုများအပြင်  အသေးစိတ် စီမံဆောင်ရွက်ကြရာတွင်     အောက်ပါအတိုင်း များပြားလှစွာ ဆက်လက်ဆောင်ရွက်ကြရပါသည်-

(၁)    လှူဒါန်းကြလိုသူများစွာ သိရှိစေခြင်းငှာ၊ လှူဒါန်းပူဇော်နှိုးဆော်လွှာများ   ဖြန့်ဝေ ခြင်း။ 

(၂)    ရွှေစင်သတ္တုနှင့် အောက်ခံကြေးပြားများ ဝယ်ယူခြင်း။

(၃)    ဆောင်ရွက်နိုင်ကြမည့်   ပညာရှင်များဖြင့် လုပ်ငန်းစာချုပ်များ   စနစ်တကျ   ရေးဆွဲ ချုပ်ဆိုခြင်း။ 

(၄)     ဆောင်ရွက်ပြီးစီးသွားသော ရွှေစင်ရွှေပြား များကို    မှန်ကန်    စနစ်တကျရှိစေရေး အတွက် စစ်ဆေးရေး/ လက်ခံရေးအဖွဲ့များ ဖွဲ့စည်းခြင်း။ 

(၅)     ရွှေစင်ရွှေပြားများ အောက်ခံကြေးဖရိန်၌ တပ်ဆင်မှုအပေါ်တွင် စိစစ်ကြပ်မတ်ရေး၊ ယခင်ကပ်လှူပူဇော်ပြီးစီးခဲ့မှု လုပ်ငန်းရပ် များကို အသေးစိတ်စစ်ဆေး၍ ချို့ယွင်းမှု များအပေါ် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ၊ သန့်စင်ခြင်း၊ အရောင်တင်ခြင်း၊  ခိုင်မြဲမှု စိစစ်ခြင်း။  


(၆)     လှူဒါန်းမှုအစုစုတို့အတွက်   ဂုဏ်ပြုလွှာ မှတ်တမ်းများ၊ လှူဒါန်းနေရာကို မှတ်သား ဖော်ပြပေးခြင်း    လုပ်ငန်းရပ်များအားလုံး အတွက် ဓာတ်ပုံရိုက်မှတ်တမ်းများ  ပြုစုခြင်း။

 


ထိုသို့ဆောင်ရွက်ကြရာတွင်   လုပ်ငန်းများ တိကျမှန်ကန်စွာနှင့် အောင်မြင်စွာပြီးစီးနိုင်စေရေး အတွက် “စောင့်ကြည့်လေ့လာပြင်ဆင်ရေးအဖွဲ့” ကို ဝန်ကြီးဌာနများမှ အသိပညာ၊ အတတ်ပညာရှင် များဖြင့်     ဖွဲ့စည်းစေပြီး    လက်တွေ့ကွင်းဆင်း  စစ်ဆေးဆောင်ရွက်ကြရပြန်ပါသည်။

 


အထွတ်အမြတ်ထား


ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းကပ်လှူပူဇော်မှုသည် ကမ္ဘာတွင်မြန်မာနိုင်ငံတော်၏  ယုံကြည်မှု အထွတ် အမြတ်ထားခြင်းကို     ဖော်ကျူးခြင်းသာဖြစ်ပါ၏။ ကမ္ဘာ့မည်သည့်နိုင်ငံများတွင်မဆို  ရွှေဖြင့် ကပ်လှူ ပူဇော်ခြင်းအစား ရွှေဆေးဖြင့်သာပူဇော်လေ့ရှိကြပါ သည်။ ရွှေစင်အားဘဏ္ဍာရေးအလို့ငှာ   နိုင်ငံတော်မှ စုဆောင်း၍ ငွေစက္ကူ၏တန်ဖိုးကို သတ်မှတ်ကြပြီး ရွှေတို့အား ငွေကြေးဘဏ္ဍာအဖြစ် ရင်းနှီးစုဆောင်း ထိန်းသိမ်းကြပါသည်။ ဗုဒ္ဓဘာသာဝင်ခြင်း တူမျှ လျက် စေတီတော်တို့အား ရွှေစင်ရွှေပြား ကပ်လှူ ခြင်း  အလေ့အထ  မရှိကြ။ ထေရဝါဒဗုဒ္ဓဘာသာ စင်စစ်ဖြစ်ကြသော   မြန်မာနိုင်ငံတော်တစ်ခုသာ လျှင် တန်ဖိုးအရှိလှဆုံး  ထိုရွှေကို ဘုရားစေတီကြီး များ၌ ရွှေသင်္ကန်းတော်အဖြစ်  ဆည်းကပ်လှူဒါန်း ခြင်းကြောင့်   ကမ္ဘာက   မြန်မာအား   “ရွှေနိုင်ငံ   (Golden Myanmar)” ဟူ၍ ခေါ်ဆိုသမုတ်ခဲ့ခြင်းသာ။

 


ဤသည်ကို  မြန်မာတို့က   ဂုဏ်ယူကြရမည် ဖြစ်ပါ၏။ စင်စစ်ရွှေထွက်မှုနှုန်းများ၍ “ရွှေနိုင်ငံ”ဟု ခေါ်ဆိုသမုတ်ခံရခြင်း  မဟုတ်ပါ။  ဗုဒ္ဓဂေါတမ၏ ဓမ္မတရားတော်များကို အလေးအနက် ယုံကြည်စွာ ကိုးကွယ်စောင့်ရှောက်မှုဖြင့် ရွှေစင်ရွှေပြားများစွာတို့ အား အလှူရှင်ပြည်သူ၊ ပြည်သားများတို့မှ ကပ်လှူ ပူဇော်ခြင်းဂုဏ်ကြောင့်ဟူသည်ကို   ကျွန်တော်တို့ သိရှိနားလည်ကြရမည် ဖြစ်ပါသည်။

 


အလေးအနက်ခံယူလာ


ယုံကြည်သက်ဝင်မှုသည်    မှန်ကန်မှုရှိစေရန် အရေးကြီးဆုံးဖြစ်၏။ ကျွန်တော် ဗုဒ္ဓဘာသာဝင်၊ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့ရန်    ယုံကြည် လေးစားမှုရှိရန်၊   အကြိမ်ကြိမ်   အဖန်ဖန်   ကိုယ့် ဘာသာ ဆန်းစစ်ခဲ့ပါသည်။  ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်အဆူဆူတို့သည် ကောင်းမြတ်သော အကျိုး ကို ဖြစ်ပေါ်စေခြင်းငှာ တရား၊ ဓမ္မ၊ ကျမ်းစာများစွာ တို့ကို   ဟောကြားပေးခဲ့ကြပါ၏။  ဘာသာတိုင်း၏ ဓမ္မအသိသည် ကောင်းမြတ်သောအကျိုးများရှိစေခြင်းငှာ၊   ဟောကြားဆုံးမခဲ့ခြင်းသာဖြစ်ကြောင်း အလေးအနက်ခံယူလာနိုင်ခဲ့ပါသည်။

 


ဗုဒ္ဓဘာသာဝင်မြန်မာတို့ကား “နမောတဿ၊ ဘဂဝတော အရဟတော  သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ (၃)ကြိမ်ရွတ်ဆိုကြကာ၊   အလှူအတန်း၊   ဘာသာ၊ သာသနာရေးကိစ္စတို့ကို နိဒါန်းစခဲ့ကြ၏။ ဆိုလိုရင်း ကား “ပွင့်တော်မူခဲ့ပြီးကြသော   ဘုရားရှင်တို့အား ကြည်ညိုလေးမြတ်စွာ ဦးခိုက်ချ၍ ဝပ်တွားရှိခိုးပူဇော်ခြင်းအဖွင့်ပင်။ နိဂုံးချုပ်၌သော် “ဗုဒ္ဓသာသနံ၊ စိရံတိဋ္ဌတု” ဟူ၍ “ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ ပါစေ” ဟူ၍   ဆုတောင်းကြလျက်   ပြီးဆုံးစေမှုကို အဆုံးသတ်ခဲ့ကြပါ၏။

 


ရွှေနိုင်ငံတော်သား၊ ရွှေနိုင်ငံတော်သမီးများဖြစ် ကြကုန်သော မြန်မာတို့အခါအခွင့်သင့်ချိန် လှူဒါန်း ပူဇော်မှုအစုစုတို့ကို ပြုနိုင်ကြစေရန် နိဂုံးချုပ်၌ “ရွှေတောင်ပေါက်...ဝမ်းမြောက်ပျော်တဲ့သူ” အကျိုး ပြု ကဗျာကိုရေးဖွဲ့ခဲ့သော  နေပြည်တော်(တပ်ကုန်း) မဟာသီဟနာဒကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ ဥပ္ပါတသန္တိစေတီတော်၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၏ ကဗျာကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-


“စေတီဘုရား၊ ရွှေပြားကိုလှူ 
ကြွယ်ဇဋိလ၊ သဒိသ ပုံတူ
ကောင်းဂုဏ်သတင်း၊  သင်းသင်းကြူကြူ
ရွှေတောင်ပေါက်၊ ဝမ်းမြောက်ပျော်တဲ့သူ


ရွှေသည် တန်ဖိုးကြီးမြတ်လှပါ၏။ ရွှေစင်ရွှေပြား တို့အား စုဆောင်းထားကြသူများ၊ ငွေသားများအား စုဆောင်းထားရှိကြသူများ၊ လက်ဝတ်ရတနာပြု၍ ဂုဏ်ပြုခံလိုသူများ၊   ပြည့်စုံနေကြသူများစွာတို့ကို ကျွန်တော်အလေးအနက်    တိုက်တွန်းလိုပါ၏။ အခါအခွင့်အသင့်လျော်ဆုံးဖြစ်သော “ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး” ထံ   ရွှေစင်သင်္ကန်းတော်၊ ရွှေဆေးသင်္ကန်းတော်များ  ကပ်လှူပူဇော်နိုင်ကြစေ ရေးအတွက်   သတင်းကောင်းနှိုးဆော်   ဖော်ပြ ရည်ညွှန်းဖွဲ့ဆိုရင်း နိဂုံးချုပ်အပ်ပါသည်။
သုခ၊  ချမ်းသာခြင်းအမှန်သည်  သင်တို့ထံသို့ မလွဲမသွေ  ရောက်ရှိလာပါလိမ့်မည်ဟူ၍   ထာဝစဉ် ယုံကြည်လျက်. . .။        ။