အသက်ငါးနှစ်အောက်ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် FDA ခွင့်ပြု

 

နယူးယောက်   ဇွန်   ၁၈ 


အမေရိကန်အစားအသောက်နှင့်    ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က အသက်ငါးနှစ် အောက်   ကလေးများအတွက်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်   ခွင့်ပြုလိုက်ကြောင်း သိရသည်။

 


မွေးကင်းစကလေးငယ်များနှင့်  အသက် ခြောက်လမှ လေးနှစ်အရွယ်အထိ ကလေးများ အတွက်   ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန်နှင့်    အသက်ခြောက်လမှ ၁၇ နှစ်အထိ    ကလေးများကို   မော်ဒါးနား ကိုဗစ်-၁၉    ကာကွယ်ဆေး  အသုံးပြုရန် ခွင့်ပြုထားကြောင်း    FDA  က   ပြောကြားသည်။

 


လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အနိမ့်ဆုံး အသက်မှာ ငါးနှစ် သတ်မှတ်ထားသည်။
ကလေးများအတွက်   ဖိုက်ဇာ   ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံပေးရာတွင်   လူကြီးများ အတွက်ထိုးနှံပေးသည့်    ကာကွယ်ဆေး၏ ဆယ်ပုံတစ်ပုံကို   သုံးကြိမ်ထိုးနှံပေးရမည်ဖြစ် ကြောင်း၊    အသက်    ခြောက်လနှင့်အထက် ကလေးများအတွက်  ကာကွယ်ဆေးကို ယခု အခါ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန၏ နောက်ဆုံးအတည်ပြု ချက်ရရှိရန် လိုအပ်နေကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ