
ကိုလံဘို ဇွန် ၁၈
တနင်္လာနေ့မှစတင်ကာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် အိမ်မှ နှစ်ပတ်ကြာ အလုပ်လုပ်ရမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် သီရိလင်္ကာ အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း မရှိမဖြစ်လိုအပ်သောဌာနမှ ဝန်ထမ်းများသည် ပုံမှန်အတိုင်း တာဝန်များကို ဆက်လက်ထမ်းဆောင်သွားရမည် ဖြစ်သည်။ သီရိလင်္ကာအစိုးရသည် ဓာတ်ဆီဆိုင် ၁၀၀ ကသာ လောင်စာ ဆီကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါအခြေအနေကြောင့် သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီ ရရှိရန် အရှည်ကြာဆုံးစောင့်ဆိုင်းရမှုဖြစ်ခဲ့ကြောင်း သိရသည်။
ဒီဇယ်ပြတ်တောက်မှုကြောင့် သီရိလင်္ကာနိုင်ငံရှိ ပုဂ္ဂလိက ဘတ်စ်ကား ၈၅ ရာခိုင်နှုန်းခန့်သည် ပြေးဆွဲနိုင်ခြင်းမရှိကြောင်း သိရသည်။ ထို့အပြင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်း ပိုမိုဆိုးရွားလာသည့်အတွက် ဖေဖော်ဝါရီလနောက်ပိုင်း အကြီးအကျယ် လောင်စာဆီပြတ်တောက်မှု ကြုံတွေ့နေရသည့် နိုင်ငံ ဖြစ်သည်။
ဆင်ဟွာ