
နေပြည်တော် ဇွန် ၁၇
၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒို ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီ ယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးအောင်ကျော်ထွန်း၊ ဒေါက်တာ အောင်ဇေယျနှင့် ဦးသန့်စင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ များမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ယှဉ်ပြိုင်ကစား
ယနေ့တွင် တတိယနေ့ပွဲစဉ်များအဖြစ် အမျိုးသား (၅၄-၅၈)ကီလိုတန်းတွင် အောင်ထက် မြတ်(ရန်ကုန်)နှင့် ရှိုင်းရဝေဖြိုး(ဧရာဝတီ) တို့က လည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုတန်းတွင် လင်းထက်အောင်(ရှမ်း)နှင့် မြတ်မင်းဟန်(ရန်ကုန်)တို့ကလည်းကောင်း၊ အမျိုးသား (၆၃-၆၈) ကီလိုတန်း တွင် အောင်ကောင်းခန့် (ရန်ကုန်)နှင့် စိုင်းစံမြင့်(ရှမ်း)တို့ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်း တွင် စုစုဝင်း(ရှမ်း)နှင့် ချမ်းငြိမ်းခင်(ရန်ကုန်)တို့က လည်းကောင်း၊ အမျိုးသမီး (-၄၀) ကီလိုတန်း တွင် အောင်ဂျွန်ဖြိုး(ဧရာဝတီ)နှင့် ဝင့်သိင်္ဂီထွန်း (ရန်ကုန်)တို့ကလည်းကောင်း ယှဉ်ပြိုင်ကစားကြ သည်။
ဆုများ ပေးအပ်ချီးမြှင့်
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဆက်လက်ကျင်းပရာ အမျိုးသား (၇၄-၈၀)ကီလို ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြ သူများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျကလည်းကောင်း၊ အမျိုးသမီး (+၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် ပူးတွဲတတိယဆုရရှိကြသူများကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကလည်းကောင်း၊ အမျိုးသမီး (၆၇-၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်ကလည်းကောင်း၊ အမျိုး သား အသင်းလိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အမျိုးသား(၅၄-၅၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က လည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး အမျိုးသား(၆၃-၆၈) ကီလိုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် အမျိုးသမီး (-၄၀)ကီလို ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယဆု ရရှိကြသူများကို ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးတို့က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုး သား အကောင်းဆုံးအားကစားသမားဆုရရှိသည့် ရှိုင်းရဝေဖြိုး(ဧရာဝတီ)နှင့် အမျိုးသမီး အကောင်း ဆုံး အားကစားသမားဆုရရှိသည့် ထူးသဉ္ဇာအောင် (ရန်ကုန်)တို့ကို ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် က ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် တစ်သိန်းစီကိုလည်း ကောင်း၊ ရွှေ ခြောက်ခု၊ ငွေ နှစ်ခု နှင့် ကြေး သုံးခုတို့ ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိသွားသည့် ရန်ကုန် တိုင်းဒေသကြီးအသင်းကို ကောင်စီအဖွဲ့ဝင် ဦးစိုင်း လုံးဆိုင် ကလည်းကောင်း၊ ရွှေ ခုနစ်ခု၊ ငွေ သုံးခုနှင့် ကြေး နှစ်ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းရရှိ သွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် က လည်းကောင်း၊ စုစုပေါင်း ရွှေ ၁၃ ခု၊ ငွေ ငါးခုနှင့် ကြေး ငါးခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသွား သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း တံခွန်စိုက် ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်