
အယ်ဟူမေရာ ဇွန် ၁၆
အမေရိကန်မဟာမိတ်တပ်ဖွဲ့များက အိုင်အက်စ် တပ်ဖွဲ့ဝင် အဆင့်မြင့်ဗုံးပြုလုပ်သူတစ်ဦးကို ဇွန် ၁၆ ရက် အရုဏ်တက်မတိုင်မီ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
သူပုန်များထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သီးသန့်နေအိမ်တစ်လုံးသို့ စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း ဆင်းသက်ပြီးမကြာမီ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့နှင့် အေအက်ဖ်ပီ သတင်း ထောက်များက ပြောသည်။
စီးနင်းတိုက်ခိုက်မှုတွင် ဖမ်းဆီးရမိခဲ့သူများမှာ ကျွမ်းကျင်စွာဗုံးပြုလုပ်တတ်သူတစ်ဦးနှင့် ဆီးရီးယား အိုင်အက်စ်အဖွဲ့ခွဲ၏ စစ်ဆင်ရေးထောက်ပံ့သူ အိုင်အက်စ်ခေါင်းဆောင် တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဦးဆောင် မဟာမိတ်တပ်ဖွဲ့များ သည် ဆီးရီးယားနှင့် အီရတ်ရှိ ဂျီဟတ်တပ်ဖွဲ့ဝင် များကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။
မဟာမိတ်တပ်ဖွဲ့ဝင်များသည် မည်သည့်နေရာ ကို စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလဲဆိုသည့် အပေါ် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မဟာမိတ် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖမ်းဆီးရမိခဲ့သူ မှာ အိုင်အက်စ်ခေါင်းဆောင် ဟာနီအာမက် အယ်လ်ခါဒီဖြစ်ကြောင်း ပြောသည်။
အမေရိကန်ဦးဆောင်တပ်ဖွဲ့ဝင်များ၏ ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း စစ်ဆင်ရေးများသည် ကြုံတောင့်ကြုံခဲစစ်ဆင်ရေးများ ဖြစ်သည်။
အေအက်ဖ်ပီ