
မက်ဒရစ် ဇွန် ၁၅
စပိန်နိုင်ငံသည် လတ်တလောတွင် ဇွန်လလယ်၏ အဆိုးရွားဆုံး အပူ လှိုင်းနှင့် ကြုံတွေ့နေရကြောင်း နှင့် ယင်းမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး အပူလှိုင်းဖြစ် ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် စပိန်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၁၇ ခုအနက် နှစ်ခုသည် အလွန် မြင့်မားသော အပူချိန်နှင့်ကြုံတွေ့ရနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
အန်ဒါလူရှားနှင့် အိတ်ထရီ မာဒူရာဒေသ ကဲ့သို့သော စပိန် နိုင်ငံတောင်ပိုင်း ဒေသအချို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်မှုနှင့် ကြုံတွေ့နေရပြီး ကော်ဒိုဘာမြို့တွင် ၄၃ ဒီဂရီစင်တီ ဂရိတ်နှင့် ဘာဒါဂျို့ဇ်မြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်ရှိကြောင်း၊ မြို့တော်မက်ဒရစ်တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကို ကျော် လွန်ကြောင်း သိရသည်။
ယခုနှစ်တွင် ထိုကဲ့သို့ ပြင်းထန် သော အပူလှိုင်းနှင့် ကြုံတွေ့ရခြင်း မှာ ပုံမှန်အခြေအနေ မဟုတ် ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဇွန်လလယ်၌ အပူချိန် အမြင့်မားဆုံးနှင့် ကြုံတွေ့နေရ ကြောင်း စပိန် မိုးလေဝသအေဂျင်စီ မှ ပြောရေးဆိုခွင့်ရှိသူ ရူဘင်ဒဲလ် ကမ်ပိုက ပြောသည်။ စပိန်နိုင်ငံ ဒေသအချို့သည် ရာစုနှစ်အစပိုင်း ကတည်းက အပူချိန်အမြင့်မားဆုံး နှင့် ကြုံတွေ့ခဲ့ရသည်။ စပိန်နိုင်ငံ ဒေသအချို့၌ ရာစုနှစ်မှစကာ အမြင့်ဆုံးအပူချိန်အဖြစ်မှတ်တမ်း တင်ခဲ့ပြီး အခြောက်သွေ့ဆုံး ဆောင်းရာသီများထဲမှ တစ်ခုဖြစ် သောကြောင့် ရေလှောင်ကန်များ ၏ ရေမျက်နှာပြင်အမှတ်သည် စိုးရိမ်ဖွယ်ရာ ကျဆင်းလာခဲ့သည်။
ဇွန် ၁၄ ရက်က embalses.net တွင် ဖော်ပြထားသော အချက် အလက်များအရ စပိန်နိုင်ငံ၏ ရေလှောင်ကန်များ၌ လက်ရှိတွင် ရေသိုလှောင်နိုင်မှုမှာ ပျမ်းမျှ ၄၈ ဒသမ ၁၇ ရာခိုင်နှုန်းသာ ရှိပြီး ၂၀၂၁ ခုနှစ်က အလားတူ ကာလကထက် ၁၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်းနှင့် လွန်ခဲ့ သည့် ၁၀ နှစ်အတွင်း ပျမ်းမျှ ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ဆင်ဟွာ