ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့သို့ လာမည့်လတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သွားရောက်မည်

 

ဝါရှင်တန်   ဇွန်   ၁၅


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်လတွင် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့သို့ အလည် အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်အရ သိရသည်။ 

 


အဆိုပါခရီးစဉ်အား ဇူလိုင် ၁၃ ရက်မှ ၁၆ ရက် အထိ သွားရန်စီစဉ်ထားကြောင်း အိမ်ဖြူတော်က ဇွန်  ၁၄  ရက်တွင်     ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင်      သမ္မတဘိုင်ဒင်သည်     အနောက်ကမ်း ဒေသရှိ   ပါလက်စတိုင်းပိုင်နက်  နယ်မြေသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

 


ဆော်ဒီအာရေဗျခရီးစဉ်တွင် အမေရိကန်သမ္မတ ဘိုင်ဒင်သည် ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်လာမှုကို ဖြေလျှော့နိုင်ရန်အလို့ငှာ ရေနံစိမ်းတိုးပြီး ထုတ်လုပ် ရန်အတွက်  ဆော်ဒီအာရေဗျနိုင်ငံအား တိုက်တွန်း သွားဖွယ်ရှိကြောင်း  သိရသည်။  ဆော်ဒီအာရေဗျ နိုင်ငံသည်   ကမ္ဘာ့ရေနံစိမ်း   အများဆုံးထုတ်လုပ် သည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သည်။  

 


ဆော်ဒီအိမ်ရှေ့မင်းသား            မိုဟာမက် ဘင်ဆယ်မန်သည်  ၂၀၁၈ ခုနှစ်က တူရကီနိုင်ငံတွင် ဆော်ဒီဂျာနယ်လစ်တစ်ဦးကို သတ်ရန်အစီအစဉ် တစ်ခုအား   အတည်ပြုခဲ့ကြောင်း   ဘိုင်ဒင်အစိုးရ က  ပြီးခဲ့သည့်နှစ်တွင် အစီရင်ခံစာတစ်ခု  ထုတ်ပြန် ခဲ့ပြီးနောက် အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့၏ နှစ်နိုင်ငံဆက်ဆံရေး  အေးစက်လာကြောင်း သိရသည်။ သို့သော်လည်း   သမ္မတဘိုင်ဒင်သည်   ဆော်ဒီအာရေဗျခရီးစဉ်တွင်   အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်နှင့်  တွေ့ဆုံရန်   စီစဉ်ထား ကြောင်း သိရသည်။                

 

အင်န်အိတ်ချ်ကေ