မကြာမီဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ

Type
5

 

မြင့်စိုး(နတလ)
 

 

အမည်ပြောင်းလဲခေါ်ဝေါ်


ရှေးယခင်က အချို့သင်တန်းကျောင်းများသည်   သမဝါယမ ကူးသန်း ရောင်းဝယ်ရေးသင်တန်းကျောင်းအမည်ဖြင့် ရပ်တည်ပေါ်ပေါက်လာခဲ့ သည်။ အချို့သင်တန်းကျောင်းများကမူ  သမဝါယမသင်တန်းကျောင်း အမည်ဖြင့် ရှိနေခဲ့ပါသည်။ ယခုအခါ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် သင်ကြားပေးမည့်   ဘာသာရပ်များကို   ပြင်ဆင်မွမ်းမံ၍  သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းအမည်ဖြင့် မန္တလေး၊ မကွေး၊ တောင်ကြီး၊  ပုသိမ်နှင့်  မော်လမြိုင်မြို့များတွင် လာမည့် ဇွန်လ ၁၆ ရက်နေ့၌ တစ်ပြိုင်တည်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

 


သင်တန်းကျောင်းများ၏ ရာဇဝင်နှင့် တည်နေရာ


မကြာသေးမီက ကျွန်တော်ရေးသားတင်ပြခဲ့ဖူးသော သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ရက်ကန်းနှင့် သက်မွေး ပညာ သင်တန်းကျောင်းများကဲ့သို့ပင် သမဝါယမ  စာရင်းရေး စာရင်း ကိုင် သက်မွေးပညာသင်တန်းကျောင်းများ၏  သမိုင်းနောက်ခံလေးများ မှာ အောက်ပါအတိုင်း အသီးသီး ရှိနေခဲ့ကြသည် -


(က)    သမဝါယမစာရင်း ရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း(မန္တလေး)


        ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့်  သက်မွေးပညာ ဦးစီးဌာနလက်အောက်တွင် မန္တလေး ကူးသန်းရောင်းဝယ် ရေးပညာသင်ကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ် ဒီဇင် ဘာလ ၁ ရက်နေ့မှစ၍    ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် သမဝါယမကူးသန်း ရောင်းဝယ်ရေးသင်တန်းကျောင်း(မန္တလေး)ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။   မန္တလေးမြို့     အောင်မြသာစံမြို့နယ်    ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊  ၈၃ လမ်းနှင့် ၂၅ x ၂၆ လမ်းကြားတွင် တည်ရှိနေပါသည်။

 


( ခ )    သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း(မကွေး)


        သမဝါယမဝန်ကြီးဌာန၏ ၁၉၉၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ ရက်စွဲပါညွှန်ကြားစာဖြင့်    သမဝါယမသင်တန်းကျောင်း (မကွေး)ကို   စတင်ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။ မကွေး တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် အဆိုပါသင်တန်းကျောင်းကို မကွေးမြို့နယ် ဆားတိုင်ကံ ကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ် မတ်လ ၁၅ ရက်နေ့၌ လက်ရှိနေရာဖြစ်သော မကွေးမြို့ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ပါသည်။

 


( ဂ )    သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း(တောင်ကြီး)


        သမဝါယမသင်တန်းကျောင်း(တောင်ကြီး)ကို ၁၉၇၀ ပြည့် နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းတပ်တွင်း ပညာပေးသင်တန်းကျောင်း၌ စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ လက်ရှိ နေရာ  တောင်ကြီးမြို့  ပြည်တော်သာရပ်ကွက်   ဗိုလ်ချုပ် အောင်ဆန်းလမ်းသို့  ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

 


(ဃ)    သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း(ပုသိမ်)


        ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်အရှေ့မြို့နယ်   အမှတ် ၅ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၁၉၇၀ ပြည့်နှစ်မှစတင်၍   ဖွင့်လှစ်ခဲ့သည်။   ယင်းမှ  ၁၉၇၁/ ၇၂ ခုနှစ်တွင် ပုသိမ်အနောက်မြို့နယ်  ပါတီယူနစ်ရုံးအား ပြုပြင် မွမ်းမံဖွင့်လှစ်ခဲ့သည်။ ၁၉၇၂/၇၃ တွင် အမှတ် ၆ အခြေခံ ပညာ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၇၄/ ၇၅ တွင်  လွန်ကန်သို့  ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သမဝါယမသင်တန်းကျောင်းအား ၁၉၉၉ ခုနှစ် စက်တင်ဘာလ  ၁  ရက်နေ့၌    နည်းပညာဝန်ကြီးဌာန   စက်မှုနှင့် သက်မွေးပညာဦးစီးဌာန  နည်းပညာကောလိပ်   GTC လွှဲပြောင်းပေးအပ်ပြီး  ပုသိမ်လေယာဉ်ကွင်းရှေ့ရှိ ငြိမ်းချမ်းဝန်ဆောင်   သမဝါယမအသင်းလီမိတက်တွင်   ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။  ဆက်လက်၍    ၂၀၀၀/၂၀၀၁  ခုနှစ်တွင် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီမှ    သတ်မှတ်ပေးထားသော   အမှတ်  ၁၃ ရပ်ကွက်၌ သမဝါယမ သင်တန်းကျောင်းကို ဆောက်လုပ်ခဲ့ ပါသည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

 


( င )    သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း(မော်လမြိုင်)


        အရှေ့တောင်တိုင်း သမဝါယမသင်တန်းကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ်တွင်   တိုင်းတပ်တွင်း   ပညာပေးသင်တန်း ကျောင်း၌   စတင်ဖွင့်လှစ်ခဲ့သည်။   ၁၉၇၅  ခုနှစ်တွင် မော်လမြိုင်မြို့  ရွှေတောင်ရပ်ကွက်ရှိ   ပညာရေးဝန်ကြီး ဌာနပိုင်   ဗညားဒလဆောင်သို့   ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၇၈ တွင်မူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့်သက်ဆိုင်သော   ပြည်နယ်/တိုင်း  သမဝါယမ သင်တန်းကျောင်းအဖြစ်    မော်လမြိုင်မြို့    မောင်ငံရပ် အရာတော်လမ်း၌     ဖွင့်လှစ်ခဲ့ပါသည်။   ၂၀၀၁  ခုနှစ်တွင် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း ဖြစ် လာခဲ့ပါသည်။

 


သင်တန်းကျောင်းများ၏ ရည်ရွယ်ချက်


သမဝါယမဝန်ကြီးဌာနအနေဖြင့်      ဖွင့်လှစ်ခဲ့သော    သမဝါယမ သင်တန်းကျောင်းများ၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်း  ကျောင်းများသည်   စာရင်းကိုင်ပညာ  ကျွမ်းကျင်တတ်မြောက်သော လူငယ်များ မွေးထုတ်၍ စီးပွားရေးလုပ်ငန်းအသီးသီးတွင် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ မိမိတတ်ကျွမ်းထားသော စာရင်းကိုင်ပညာကို အခြေခံ၍ နိုင်ငံတော်အား အထောက်အကူဖြစ်စေ မည့် စာရင်းကိုင်ပညာနှင့် ကွန်ပျူတာပညာရပ်များကို လေ့လာသင်ယူ ခွင့်ရစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏    လမ်းညွှန်ချက်နှင့် အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်  အခြေခံပညာကို ဆက်လက်သင်ယူရန် အခက်အခဲရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာ  ဆက်လက်မသင်ကြားနိုင်သူများအနေဖြင့်   အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ တက္ကသိုလ်ပညာကို ပေါင်းကူး တက်ရောက်ခွင့်ရရှိစေရန်အတွက် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအား အောက်ဖော်ပြပါ ရည်ရွယ် ချက်များဖြင့်  ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည် -


(က)    ပညာဆက်လက်သင်ယူရန်  အခက်အခဲရှိသူများကို  စာရင်း ရေး  စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ  ဆောင် ရွက်နိုင်စေရန်၊
( ခ )    သက်မွေးမှုပညာ      သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို  သမဝါယမကောလိပ်များနှင့် သမဝါယမ နှင့်    စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့   ပေါင်းကူး၍ ဆက်လက်ပညာ သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင် စေရန်။

 


သင်ကြားပို့ချပေးမည့် ဘာသာရပ်များ


အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအား လက်ခံ၍ နှစ်နှစ်သင်တန်း ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါသည်။    ပထမနှစ်သင်တန်းတွင်     စာရင်းရေး စာရင်းကိုင်ဘာသာရပ်၊  Fundamental ICT ဘာသာရပ်၊ သမဝါယမ ဘာသာရပ်များနှင့်အတူ  မြန်မာစာ၊  အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ  ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။ ဒုတိယနှစ်   သင်တန်းများ တွင်မူ  စာရင်းရေး   စာရင်းကိုင်ပညာကို   အလေးထား၍   Cost Accounting ၊ Financial Accounting ၊ Business Accounting ၊ Computerized  Accounting ၊  Business  Organization  and Management ၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပို့ချပေး မည် ဖြစ်ပါသည်။

 


လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး


၈ တန်းအောင်ဆိုပေမယ့်လို့ ဒီအရွယ်လေးတွေဟာ ပီဘိကလေး ငယ် အရွယ်လေးတွေပါပဲ။ မိဘရင်ခွင်ကခွာပြီး ဒီမှာကျောင်းလာတက် တုန်း ငါတို့သေချာစောင့်ရှောက်ပေးရမယ်၊ ကျောင်းရဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးရမယ်၊  ရည်မှန်းချက်အတိုင်း စာရင်းရေး စာရင်း ကိုင်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ လူငယ်လူရွယ်တွေ မွေးထုတ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ  ဖန်တီးပေးဖို့၊  သမ ဝါယမကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ဆက်လက်သင်ယူခွင့် ရစေဖို့ အလေးထားဆောင်ရွက်ကြရမည်ဟု သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမြဲမှာကြားလေ့ ရှိသည်။                      

 


ပြည်ထောင်စုဝန်ကြီး၏  လမ်းညွှန်ချက်နှင့်အညီ  သင်တန်းကျောင်း ငါးကျောင်းတွင် လက်ခံထားသည့် ကျောင်းသား ကျောင်းသူဦးရေ အတိုင်း၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ နေ့စဉ် စားသောက်စရိတ်၊  ဝတ်စုံစရိတ်  စသည်တို့အပြင် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်းများနှင့် အားကစားပစ္စည်းများကိုပါ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး   လိုက်လံစစ်ဆေး ကြည့်ရှုကာ လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြသည်။ ကျောင်းသား  ကျောင်းသူများ၏  အိပ်ဆောင်များတွင် 7W မီးချောင်း ၁၈ ချောင်း၊ 6W မီးလုံး နှစ်လုံး တပ်ဆင်အသုံးပြုနိုင်သည့် 190W ဆိုလာ ပြား နှစ်ချပ်ဖြင့် ဆိုလာ မီးစနစ်တပ်ဆင်ပေးထားပါသည်။ မိန်းကလေး ဆောင်များ၏ လုံခြုံရေးနှင့် နေထိုင်မှု စည်းကမ်းကောင်းမွန်ရေးအတွက် ဂရုပြု ဆောင်ရွက်ပေးထားသည်။

 


သင်တန်းကာလမှာ နှစ်နှစ်ဖြစ်လေရာ လာမည့်နှစ်ဆိုလျှင် ပထမ နှစ်၊ ဒုတိယနှစ် သင်တန်းသား သင်တန်းသူများ စုံစုံညီညီတက်ရောက်ကြ တော့မည် ဖြစ်သည်။ နေထိုင် စားသောက်ရေးစရိတ်၊  စာသင်ဆောင်၊ အိပ်ဆောင်များလိုအပ်ချက်၊ သင်ကြားရေးဆရာ ဆရာမများ လိုအပ် ချက်၊ ရေ၊ မီး၊ မိလ္လာလိုအပ်ချက်များမှအစ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည် ဖြစ်သည်။

 


ပုံရိပ်ကောင်းဖို့ ပြောင်းကြစို့


ကျွန်တော်တို့ငယ်စဉ်ကတည်းက နားရည်ဝခဲ့သော စကားတစ်ခွန်း မှာ သားဝ၊ မယားဝ သမဝါယမဟု ပြောဆိုနေကြခြင်းပင် ဖြစ်သည်။ အမှန်ကမူ လမ်းစဉ်ပါတီခေတ်ကတည်းက  စတင်ခဲ့သော  သမဝါယမ စနစ်ကြီးက မကောင်း၍မဟုတ်၊ ချမှတ်ထားသောမူဝါဒများ အလွန် ကောင်းပါသည်။ အဆိုပါ မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း အကောင် အထည်ဖော်ရာတွင် အားနည်းချက်များ ရှိခဲ့သည်။ သို့ရာတွင် မည်သည့် နေရာ၊ မည်သည့်ဌာနတွင် တာဝန်ယူရသည် ဖြစ်စေ ဆိုးမွေ၊ ကောင်းမွေ အားလုံးကို ခံယူကြရသည်ဖြစ်လေရာ အားနည်းချက်များကို သုံးသပ် ပြင်ဆင်၍ မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းများ ရရှိစေဖို့ ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်သည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် များ၊ သမဝါယမကောလိပ်များ၊ ယွန်း ကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ယခုဖွင့်လှစ်မည့် သမဝါယမ စာရင်းရေး စာရင်း ကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းနှင့် အသက်မွေး ပညာ သင်တန်းကျောင်းများအားလုံး၏ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ဦးစီးဌာန များ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ ထိုနည်းတူစွာ သမဝါယမ အသင်း(ဗဟို)မှသည် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ အသင်းစု ချုပ်များ၊ အသင်းစုများ၊ အသင်းအဖွဲ့များအနေဖြင့်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံး၏   အကျိုးစီးပွားကို   ဦးထိပ်ထားကာ မိမိတို့ စွမ်းအားရှိသလောက်   ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်   ဆိုပါလျှင် ကျွန်တော်တို့ဌာနအတွက်၊ ခေတ်အဆက်ဆက် မျှော်မှန်းခဲ့သော သမ ဝါယမစနစ်အတွက် ပုံရိပ်ကောင်းတစ်ခု ရရှိမည်မှာ မလွဲပါပေ။           ။