ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်

 

ဖနောင်ပင်  ဇွန်  ၁၁


ကမ္ဘောဒီးယားနိုင်ငံ၌    ယခုနှစ် ပထမငါးလအတွင်း   သွေးလွန် တုပ်ကွေးဖြစ်ပွားမှုမှာ  ၁၃၅၄  မှု ရှိပြီး ၂၀၂၁ ခုနှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်း ကျော်  မြင့်တက်လာကြောင်း ဇွန် ၁၁ ရက်တွင်  ကျန်းမာရေးဝန်ကြီး ဌာနက   သတင်းထုတ်ပြန်ထားသည်။

 


ကမ္ဘောဒီးယားနိုင်ငံတွင် ယခု နှစ်  ဇန်နဝါရီလမှ  မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြောင့် ကလေး သုံးဦးသေဆုံးကြောင်း၊ မိုးဦးရာသီတွင်  မိုးရွာသွန်းမှုများလာခြင်းကြောင့်      သွေးလွန် တုပ်ကွေးရောဂါ     ဖြစ်ပွားမှု  မြင့်တက်လာခြင်း  ဖြစ်ကြောင်း ကျန်းမာရေး    ဝန်ကြီးဌာနက ပြောကြားသည်။     သွေးလွန် တုပ်ကွေးရောဂါသည်  နေ့တွင် ကိုက်သည့်   အေဒီးစ်ခြင်ကိုက်ခံ ရခြင်းကြောင့်      ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်သည်။

 


ပြည်သူများအနေဖြင့်    မိမိ တို့  အိမ်ပတ်ဝန်းကျင်တွင်ရှိသည့် ခြင်ပေါက်ပွားရာ   နေရာများဖြစ် သည့်   ဗွက်အိုင်များကို  ဖို့ရန်နှင့် အိပ်သည့်အချိန်တိုင်း  ခြင်ထောင် ဖြင့်အိပ်ရန် အကြံပြုထားကြောင်း ကျန်းမာရေးဝန်ကြီး  မမ်ဘွန်းဟမ် က တိုက်တွန်းပြောကြားသည်။

 


သွေးလွန်တုပ်ကွေး    ရောဂါ ဖြစ်ပွားသော   ဒေသများတွင် နေထိုင်သော အိမ်ထောင်စုများသို့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား စေသည့်  ခြင်နှိမ်နင်းရေး အဘိတ် ဆေးရည်ကို    ဝန်ကြီးဌာနက ဆက်လက်   ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီး က  ဆက်လက်ပြောကြားသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် ခေါင်းကိုက်ခြင်း၊  အဖျားကြီး ခြင်း၊    ပင်ပန်းနွမ်းနယ်ခြင်း၊  ကြွက်သားများနှင့်   အဆစ်များ နာကျင်ခြင်း၊    အော့အန်ခြင်းနှင့် အဖုများထွက်ခြင်း     စသည့် ပြင်းထန်သော ရောဂါလက္ခဏာ များ ခံစားရကြောင်း သိရသည်။

 


အရှေ့တောင် အာရှနိုင်ငံများ တွင်  မိုးရာသီဖြစ်သည့်   မေလ မှ   အောက်တိုဘာလအထိမှာ သွေးလွန်တုပ်ကွေးရောဂါ  အဖြစ် များသည့်      ကာလဖြစ်ကြောင်း သိရသည်။                  

ဆင်ဟွာ